၂၁.၃.၂၀၂၄
Written by TZ
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ ကျေးရွာတချို့မှ အုပ်ချုပ်ရေးမှူးများက ကျေးရွာသူ/သားများအား ဆင့်ခေါ်၍ အသက်ပြည့်သည့် အမျိုးသားများ စစ်မှုမထမ်းချင်ပါက စစ်မှုထမ်းရန်ကိုယ်စားဝင်မည်သူများအတွက် ငွေကျပ် (၃၀၀၀၀) ကောက်ခံနေကြောင်း သိရသည်။
ခရမ်းမြို့နယ်ရှိ ကျေးရွာတချို့မှ အုပ်ချုပ်ရေးမှူးများက ကျေးရွာသူ/သားများအား ဆင့်ခေါ်၍ စစ်မှုမထမ်းချင်ပါက စစ်မှု ထမ်းသူများကို အငှားချရန်အတွက် ၃ လကို ကျပ် ၃၀၀၀၀ ပေးရမည်ဟု ပြောဆိုနေကြခြင်းဖြစ်သည်။
“အိမ်တစ်အိမ်မှာ အသက်ပြည့်တဲ့သူ ၃ ယောက်ရှိရင် အဲ့ဒီလူတွေက စစ်မှုမထမ်းချင်ရင် တစ်ယောက်ကို (၃) သောင်းပေးရမယ်လို့ အုပ်ချုပ်ရေးမှူးပြောတယ်။ (၃) သောင်းက (၃) လစာပေးရတာ။ အဲ့ဒီ (၃) လပြည့်ရင် နောက်ထပ်လည်းပေးရမလားတော့မသိဘူး” ဟု ခရမ်းမြို့နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ၎င်းတို့တွေ့ကြုံနေရသည့် အခြေအနေကိုပြောသည်။
ယခုနှစ် ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကှ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး စစ်မှုထမ်းရာတွင် အကြုံးဝင်သည့် အသက်အရွယ်မှာ အမျိုးသားဆိုပါက အသက် (၁၈-၃၅) ဖြစ်ပြီး၊ အမျိုးသမီးဆိုပါက အသက် (၁၈-၂၇) ကြား အရွယ်များ စစ်မှုထမ်းရမည်ဟု သတ်မှတ်ထားသည်။
ပြည်သူများအနေဖြင့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး မေးမြန်းချင်ပါက ၀၆၇-၃၄၀၄၉၁၁၊ ၀၆၇-၃၄၀၄၂၂၊ ၀၆၇-၃၄၀၄၉၃၃၊ ၀၆၇-၄၉၄၄ နှင့် ၀၆၇-၃၄၀၄၉၅၅ တို့အား ဆတ်သွယ်မေးမြန်းနိုင်သည်ဟုလည်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။