October 20, 2024

လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း

၂၁.၃.၂၀၂၄
Written by Thin Zar

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄) လမ်းမကြီးတွင် ငွေကြေးကိစ္စ စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားခုတ်ခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မတ်လ ၂၁ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ပြည်သူများမှ လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းသို့ ဖုန်းဆက်အကူအညီတောင်းသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ပိုက်ဆံနဲ့ပတ်သက်ပြီး အခုတ်ခံရတာ။ ပိုက်ဆံလာတောင်းတာမပေးလို့ လာတောင်းတဲ့သူက ချေးထားတဲ့သူကို ဓားနဲ့ခုတ်တာ။ လည်ပင်းကိုခုတ်တာ။ သွေးတွေကတော့ တော်တော်လေးထွက်တယ်။ ခန္ဓာကိုယ်မှာလည်းအနည်းငယ် ဒဏ်ရာတွေရတယ်” ဟု ရွှေပြည်သာမြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဓားဖြင့်ခုတ်သူကို ဖမ်းဆီးရရှိထားကြောင်း၊ ထိုဒဏ်ရာရရှိသည့်အမျိုးသားကို အင်းစိန်ဆေးရုံသို့ လူမူဘဝစောင့်ရှောက်ရေးပရဟိတအသင်းယာဥ်ဖြင့်ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *