၂၁. ၃. ၂၀၂၄
Written by Thettant
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ထန်းလုံးတပ်ကျေးရွာနေ ထန်းလုံးတပ် အခြေခံပညာအထက်တန်း ကျောင်းခွဲက မူလတန်းပြ ကျောင်းဆရာဖြစ်တဲ့ ကိုချစ်ဇော်ဦး (၂၆) နှစ်ဟာ မတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် ရွာလယ်လမ်းအတိုင်း မြောက်ဘက်ကနေ တောင်ဘက် စက်ဘီးနင်းလာချိန် ဆိုင်ကယ်တစ်စီးနဲ့ PDF နှစ်ဦး နောက်က ရောက်လာပြီးသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုချစ်ဇော်ဦးဟာ ကျည်ထိမှန်ဒဏ်ရာများစွာရရှိကာ သေဆုံးခဲ့ပါတယ်။
သတ်ဖြတ်တဲ့ PDF နှစ်ဦးဟာ ကိုချစ်ဇော်ဦးရဲ့နေအိမ်အထိ ဆက်လက်သွားရောက်ပြီး ဖခင်ဖြစ်သူ ဦးဇော်ဝင်းမြင့် (၆၁) နှစ်ကို သေနတ်နဲ့ ထပ်မံပစ်ခတ်လို့ ဦးဇော်ဝင်းမြင့်ဟာ
ထွက်ပြေးပေမဲ့လည်း မလွတ်ခဲ့ဘဲ သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်သတ်ခံခဲ့ရပါတယ်။
ကိုချစ်ဇော်ဦးတို့သားအဖကို သတ်ဖြတ်တဲ့ PDF တွေဟာ ကိုချစ်ဇော်ဦးက မူလတန်းပြဆရာအဖြစ်လုပ်ကိုင်နေလို့ ဒလန်လို့သတ်မှတ်တာကြောင့် သတ်ရတာလို့လည်း ပြောထားပြီး ဒီလိုမျိုး NLD ၊ NUG ၊ PDF နဲ့ EAOs တွေကို မထောက်ခံတာကြောင့် သတ်ဖြတ်ခံရတဲ့ သံဃာ၊ သီလရှင်၊ နိုင်ငံဝန်ထမ်း၊ ကလေးသူငယ်၊ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူပေါင်းကတော့ သုံးနှစ်အတွင်း ၇၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။