၂၀. ၉. ၂၀၂၄
Written by Nay Moe
ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်က တပ်ထောက်ခံသူများတဲ့ ပျဉ်ပုံကျေးရွာအုပ်ချုပ်ရေးမှူးဦးရဲအောင်ကို နတ္တလင်း PDF တွေ လာသတ်ချိန် ဓားနဲ့ဝင်ခုတ်တဲ့ ကိုစိုးလေး ပစ်ခတ်ခံရပြီး သေဆုံးသွားသလို ပြည်သူတွေဝိုင်းရံလာလို့ ပစ်ခတ်ထွက်ပြေးလာတယ်လို့ နတ္တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နတ္တလင်းမြို့နယ် ပျဉ်ပုံကျေးရွာက အုပ်ချုပ်ရေးမှူး ဦးရဲအောင်ကို နတ္တလင်း PDF နတ်စစ်သည်အဖွဲ့က မတ်လ ၁၈ ရက်၊ ညပိုင်းမှာသွားရောက်သတ်ဖြတ်ချိန် အုပ်ချုပ်ရေးမှူးရဲ့ဆွေမျိုးတော်စပ်သူကိုစိုးလေးနဲ့ ပြည်သူအချို့ရောက်လာပြီး ကိုစိုးလေးက နတ္တလင်း PDF တွေကို ဓားနဲ့ပြေးခုတ်ချိန် နတ္တလင်း PDF တွေက ပစ်သတ်လိုက်တာပါ။
ကိုစိုးလေးကို PDF တွေ ပစ်သတ်အပြီးမှာ သေနတ်သံကြောင့် ဒေသခံပြည်သူတွေက PDF တွေကို ထပ်မံ ဝိုင်းရံတိုက်ခိုက်ဖို့ကြိုးစားလာချိန်မှာ နတ္တလင်း PDF တွေက ပြည်သူတွေကို ပစ်ခတ်ထွက်ပြေးကြတာပါ။
ဒီဖြစ်ရပ်မှာ PDF တွေက သေဆုံးသူကိုစိုးလေးကို ပျုစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်လို့ ပြောပေမဲ့လည်း ပြည်သူ့စစ်ရွာတွေဟာ လက်နက်တပ်ဆင်ထားတာဖြစ်သလို ကိုစိုးလေးရော၊ ပျဥ်ပုံကျေးရွာပြည်သူတွေရောဟာ သေနတ်ကိုင်ဆောင်နိုင်တာမဟုတ်ဘဲ ဓားပဲပါတာလို့ နတ္တလင်း PDF တွေကိုယ်တိုင် ပြောထားတာ တွေ့ရသလို နတ္တလင်း PDF တွေကလည်း နောက်တစ်ကြိမ် အဲဒီလိုလာဝန်းရံရင် ပြည်သူတွေကိုပါ သတ်ပစ်မယ်လို့လည်း သူတို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။