၂၀.၃.၂၀၂၄
Written by Thin Zar
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့၊ ကုလားကုတ်ကျွန်း၏ အနောက်တောင်ဘက်၌ တွေ့ရှိရသော စက်လှေတစ်စီးပေါ်မှ ခိုးဝင်ဘင်္ဂါလီ ၇၈ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၁၉ ရက် နံနက် ၆ နာရီကျော်တွင် ကုလားကုတ်ကျွန်းအနောက်တောင်ဘက်တွင် မသင်္ကာဖွယ်စက်လှေတစ်စီးကို ရေကြောင်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် “ဇွဲခေတ်ဆန်း” စက်လှေပေါ်မှ တရားမဝင်ခိုးဝင်ဘင်္ဂါလီလူမျိုး အမျိုးသား (၄၄) ဦး၊ အမျိုးသမီး ( ၃၄) ဦး တို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း သံဖြူဇရပ်မြို့၊ ဝါခရူကျေးရွာအနီးတွင် မော်တော်ယာဥ်နှစ်စီးပေါ်မှ ခိုးဝင်ဘင်္ဂလီ(၁၀၀) ကျော်ကို လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရရှိပြီး မော်တော်ယာဥ်မောင်းနှင်သူနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။