
၂၀.၃.၂၀၂၄
Written by Thin Zar
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၊ သရက်ကွကျေးရွာမှာ လက်လုပ်လေယာဥ်ဒရုန်းတစ်စီးကို လုံခြုံရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က မတ်လ ၁၉ ရက် နေ့လည် ၁၂ နာရီကျော်မှာ ဆားလင်းကန်ရွာဘက်ကနေ သရက်ကွကျေးရွာဘက်ဆီ လက်လုပ်ဒရုန်းနှစ်စီး ဗုံးသီးတွေ ချိတ်ဆွဲပြီး သရက်ကွကျေးရွာပတ်လည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ကို PDF တွေက ဒရုန်းနဲ့ ပစ်ချတိုက်ခိုက်ဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။
အဲဒီလို လာတိုက်ခိုက်တဲ့ ဒရုန်းနှစ်စီးကို လုံခြုံရေးတပ်ဖွဲ့ကမြင်လို့ ပစ်ချဖျက်ဆီးရာမှာ တစ်စီးသာရရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၇ ရက်နေ့ကလည်း ဝက်လက်မြို့နယ်မှာ PDF တွေရဲ့ ဒရုန်းကို လုံခြုံရေးတပ်ဖွဲ့က ပစ်ချသိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။



