၂၀.၃.၂၀၂၄
Written by Thin Zar
မြစ်သားမြို့နဲ့ ငါန်းဇွန်မြို့နယ်တို့မှာ တစ်ရက်တည်းနဲ့အမျိုးသားနှစ်ဦး သေနတ်ပစ်ခံရပြီး တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်က မတ်လ ၁၈ ရက် ည ၇ နာရီကျော်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ကနေ ကူဖြူကျေးရွာဆီ အသက်( ၁၈) နှစ်အရွယ် မောင်သီဟထွေးက မော်တော်ဆိုင်ကယ်နဲ့ တစ်ဦးတည်း မောင်းနှင်လာချိန် ကူဖြူကျေးရွာအဝင်မှာ သူ့ရဲ့ဆိုင်ကယ်နောက်က လိုက်ပါ မောင်းနှင်လာတဲ့ PDF တွေက သေနတ်နဲ့ပစ်ခတ်ပေမဲ့လည်း ကျည်တွေက မောင်သီဟထွေးကို မထိမှန်ဘူးလို့ သိရပါတယ်။
အလားတူ မတ်လ ၁၈ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့၊ မကြီးကြပ်ကျေးရွာမှာ နေထိုင်တဲ့ ဦးဝင်းဇော်ရဲ့ နေအိမ်ကို မော်တော်ဆိုင်ကယ်နဲ့ PDF တွေ ရောက်ရှိလာပြီး ဦးဝင်းဇော်ကို နေအိမ်အတွင်းမှာပဲ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။