October 20, 2024

၁၉. ၃. ၂၀၂၄
Written By Thandar

လူကြီး လူငယ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ယခင်ကျန်းမာရေးအတွက် စစ်ဆေးမှုတွေပြုလုပ်ထားရာက ယနေ့ မတ်လ ၁၉ရက် ဆေးစစ်ချက်အဖြေအရ ကင်ဆာ ရောဂါမရှိဘူးလို့ ရင်ဖွင့်လာပါတယ်။

“ပြီးခဲ့ရက်ပိုင်းတွေက နေသိပ်မကောင်းဘဲ ကျန်းမာရေး ချူခြာနေတာမို့ တချို့ကလည်း ကင်ဆာဖြစ်တယ်လို့ အရိပ်အယောင်ထင်ကြတယ်။ ကိုယ်တိုင်ကလည်း အဲလိုဖြစ်နေလားလို့ဆိုပြီး စိတ်သောကတွေ ရောက်နေခဲ့တာပါ။ ကင်ဆာမရှိပါဘူးတဲ့။ ဆေးစစ်ချက်အဖြေလေးထွက်ပါပြီ။ ဆုတောင်းပေးတဲ့ တစ်ဦးတစ်ယောက်ချင်းကို ရင်ထဲကနေ အထူးကျေးဇူးတင်ပါတယ်နော်” လို့ သရုပ်ဆောင် ဆောင်းယွန်းစံက ပြောပါတယ်။

သူမကိုတော့ အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်တွေဖြစ်တဲ့ မေပန်းချီ ၊ သဇင်ထူးမြင့် ၊ ခရစ္စတီးနား ၊ မြကြာညို စတဲ့ သူတွေအပြင် ချစ်ရတဲ့ပရိသတ်တွေကလည်း ကင်ဆာရောဂါမရှိတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ပြီး ဆုတွေတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်။

ဆောင်းယွန်းစံကတော့ မကြာခင်က MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ခင်ခင်ကြီး ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *