October 20, 2024

၁၉. ၃. ၂၀၂၄
Written by Thin Zar

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မင်းကြီးကြပ်ကျေးရွာအုပ်စု၊ မင်းကြီးကြပ် (တောင်) ရွာတွင် နေထိုင်သည့် ကျေးရွာမီးလင်းရေးကော်မတီဝင်အမျိုးသားတစ်ဦး နေအိမ်၌ သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၈ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် မင်းကြီးကြပ်( တောင်)ရွာတွင် နေထိုင်သည့် ကိုဝင်းဇော်ဦး၏ နေအိမ်သို့ PDF များရောက်ရှိလာပြီး နေအိမ်အတွင်း ရှိနေသည့် ထိုအမျိုးသားကို သေနတ်ဖြင့် ဦးခေါင်းအားပစ်ခတ်သွားကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမူကြောင့် သေဆုံးသွားသည့်အမျိုးသားမှာ ပြည်ခိုင်ဖြိုးပါတီအားဝန်းရံသူဖြစ်၍ ကျေးရွာမီးလင်းရေးကော်မတီတစ်ဦးလည်းဖြစ်ရာ ကျေးရွာရှိ ကိစ္စများကိုလည်း ပါဝင်ဆောင်ရွက်သူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ်ရှိ ကျင်းသာကျေးရွာတွင် ကျောင်းဆရာမတစ်ဦးနှင့်အမျိုးသားတစ်ဦး နေအိမ်၌ သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *