October 20, 2024

၁၉. ၃. ၂၀၂၄
Written by Pan Ei

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ် ပူပေါင်းအဖွဲ့က မြန်မာနိုင်ငံကနေ မီဇိုရမ်ပြည်နယ်ဆီပို့မယ့် ရူပီး ၇ သန်းကျော် တန်ဖိုးရှိ ဘိန်းဖြူတွေကို မနေ့(မတ်လ ၁၈ ရက်) က ဖမ်းဆီးရမိခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ် ပူပေါင်းအဖွဲ့က အိန္ဒိယနိုင်ငံသားနှစ်ဦးဖြစ်တဲ့ ဘိန်းဖြူတွေ သယ်ဆောင်လာတဲ့ ကားကို မောင်းနှင်လာသူ လန်ဂလီချန်မာရီ ရွာက ဘီ လီယန်ဆန်ဂါ (၄၅ နှစ်) နဲ့ ချန်ဖိုင်းခရိုင်၊ တူအီပွိုင်ရွာက အာ မယ်ဆောအမ်သာရာ (၃၅ နှစ်) တို့ဆီကနေ ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့တာပါ။

သူတို့ဟာ ဘိန်းဖြူတွေကို ဆပ်ပြာဗူးခွံတွေထဲမှာ ထည့်ပြီး သယ်ဆောင်လာခြင်းဖြစ်သလို ဘိန်းဖြူတွေ စုစုပေါင်းအလေးချိန်က ၂ ဒသမ ၃၉၃ ကီလိုဂရမ်ရှိပြီး ကာလပေါက်ဈေးအရ တန်ဖိုး ရူပီးငွေ ၇,၁၇၉,၀၀၀ လောက် ရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါ ဘိန်းဖြူတွေကို မြန်မာနိုင်ငံကနေ မီဇိုရမ်ပြည်နယ်က ဇို့ခွာသာရွာကို ဘီ လီယန်ဆန်ဂါ ပိုင်တဲ့ ပစ်ကပ်ကားတစ်စီးနဲ့ သယ်ဆောင်လာချိန် ဖမ်းမိခဲ့ခြင်းဖြစ်ကာ ဖမ်းဆီးထားသူနှစ်ဦးကိုတော့ ဇို့ခွာသာ ရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Ref; Mizoram Police

Leave a Reply

Your email address will not be published. Required fields are marked *