October 20, 2024

၁၉. ၃. ၂၀၂၄
Written by Thin Zar

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ကမာကေးကျေးရွာ၊ ရပ်ကွက် ( ၉) တွင် နေထိုင်သည့် အမျိုးသားတစ်ဦး၏ နေအိမ်ခြံဝန်းအတွင်း၌ ဆီးချိုပျောက်ကင်းသည်ဟုဆိုကာ လက်ဆောင်ရရှိသည့် ဘိန်းစာပင် ၅ ပင်နှင့်အတူ ထိုဘိန်းစာပင်များကို စိုက်ပျိုးထားသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရရှိခဲ့သည်။

ဖြစ်စဥ်မှာ မတ်လ ၁၈ ရက် ည ၈ နာရီကျော်တွင် တာဝန်ရှိသူများမှ သတင်းရရှိသောကြောင့် ဦးသန်းထွန်း(ခ) ဦးသံချောင်း၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ ထိုအမျိုးသား၏ နေအိမ်ခြံဝန်းအတွင်း လက်လံစစ်ဆေးချိန် ခြံဝန်းထဲ၌ စိုက်ပျိုးထားသည့် ပင်စည်လုံးပတ် ၁၀ လက်မ၊ အမြင့် ၁၀ ပေခန့်ရှိ ဘိန်းစာပင်တစ်ပင်၊ ပင်စည်လုံးပတ် ခုနှစ်လက်မ၊ အမြင့် ကိုးပေခန့် ဘိန်းစာပင်တစ်ပင်၊ ပင်စည်လက်မ နှစ်လက်မ အမြင့်နှစ်ပေခန့်တစ်ပင်၊ ပင်စည်လုံးပတ် နှစ်လက်မခန့်ရှိ ဘိန်းစာပင်တစ်ပင်နှင့် ပင်စည်လက်မ ၁ ဒသမ ၅ လက်မ အမြင့် နှစ်ပေခန့်ရှိ ဘိန်းစာပင်တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုဖမ်းဆီးရရှိသည့် အမျိုးသားအား စစ်ဆေးရာ ပြီးခဲ့သည့် ရက်ပိုင်းက မုဒုံမြို့မှ သီးပင်စားပင်များသွားရောက်ဝယ်ယူရင်း အမျိုးသားတစ်ဦးမှ ထိုအပင်များကို ဆီးချိုပျောက်ကင်းသည်ဟုဆိုကာ လက်ဆောင်အဖြစ်ပေးသောကြောင့် ယူဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဦးသန်းထွန်း(ခ) ဦးသံချောင်းကို ဘိန်းစာရွက်အစိုများ တရားမဝင်သုံးစွဲရန် ဘိန်းစာပင် စိုက်ပျိုးမှုဖြင့် ၎င်းကို မယ ( ပ) ၃/၂၀၂၄ ၊ မူးစိတ်ပုဒ်မ -၁၆( က) ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *