October 20, 2024

၁၉. ၃. ၂၀၂၄
Translated by Htwe Ko Tun

ဟားမားစ်စစ်သွေးကြွတို့ ဖမ်းဆီးထားသော ဓားစာခံ ၄၀ ဦးအား ပြန်လွှတ်ပေးရေးအတွက် အစ္စရေးဘက်က ဂါဇာဒေသအတွင်း ခြောက်ပတ်ကြာအပစ်အခတ်ရပ်ဆိုင်းမှုပြုလုပ်သွားမည့် အဆိုတစ်ရပ်ကို တင်ပြသွားမည်ဟု အစ္စရေးအရာရှိတစ်ဦးက မတ်လ ၁၈ ရက်တွင် ပြောခဲ့ပြီးနောက် နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုများကို ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ထိုနေ့ညနေပိုင်း၌ပင် စတင်နေပြီဖြစ်ကြောင်း သိရသည်။

ဒိုဟာမြို့ညှိနှိုင်းဆွေးနွေးပွဲသို့ အစ္စရေးဘက်က မော့ဆက်အကြီးအကဲခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့သည်။ ညှိနှိုင်းဆွေးနွေးပွဲကို စတင်ခဲ့ပြီး‌နောက် ကာတာနှင့်အီဂျစ် ကြားဝင်စေ့စပ်ညှိနှိုင်း သူများက ဆွေးနွေးပွဲအား အကောင်းဘက်မှရှုမြင်ပါကြောင်း၊ နှစ်ပတ်ခန့်ကြာနိုင်သော ဆွေးနွေးပွဲက ခက်ခဲ ရှုပ်ထွေးမှုများရှိမည်ဖြစ်ကြောင်း မတ်လ ၁၉ ရက်တွင် ပြောကြားခဲ့ကြသည်။

အစ္စရေးအရာရှိတစ်ဦးကမူ အစ္စရေးအနေနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပမှုအပေါ်အားလုံးအား အကောင်းမြင် သုံးသပ်မထားကြောင်း ပြောကြားခဲ့သည်။ ဟားမားစ် အရာရှိတစ်ဦးဖြစ်သော ဟမ်ဒန်က ဟားမားစ်တို့ဘက်က ဂါဇာဒေသအတွင်းမှ အစ္စရေးတပ်ဖွဲ့များ လုံးဝပြန်လည်ဆုတ်ခွာပေးရေး တောင်းဆိုခဲ့ရာတွင် ယခုအခါ အကျဉ်းသားများမလဲလှယ်မီ အစ္စရေးတပ်များ တစ်စိတ်တစ်ပိုင်းပြန်ဆုတ်ရေးကိုလက်ခံမည်ဟု ပြောခဲ့သည်။

၎င်းက ပထမအဆင့်အနေဖြင့် စစ်ရေးစစ်ဆင်မှုများအားလုံးရပ်ဆိုင်းရမည်ဖြစ်ကြောင်း၊ ၎င်းတို့တွင် အစ္စရေးတပ်ဖွဲ့များ၏ မြေပြင်ရွေ့လျားမှုများနှင့် ဝေဟင် တိုက်ခိုက်မှုများလည်းပါကြောင်း ပြောခဲ့သည်။

Ref- Times of Israel, CNA
.

Leave a Reply

Your email address will not be published. Required fields are marked *