October 20, 2024

၁၉. ၃. ၂၀၂၄
Translated by Thettant

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား ချင်းလင်မယား နှစ်ဦးထံကနေ Gelatin မိုင်းနဲ့ဆက်စပ်ပစ္စည်းတွေကို မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ် ပူးပေါင်းတပ်ဖွဲ့တို့က မနေ့က မတ်လ ၁၈ ရက်မှာ ဖမ်းမိခဲ့ပါတယ်။

မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်ပူးပေါင်းတပ်တို့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ခေါမဝီရွာ(Khawmwi)နေတဲ့ ဗြရဲမ်မာ (Biakrema) အသက် ၂၉ နှစ်နဲ့ ဇနီးဖြစ်သူ ရမ်ထဇွာလီ(Ramthazuali) အသက် ၂၈ နှစ်တို့ထံကနေ Gelatin (Neogel – ၁၄ ဒသမ ၀၈၄ ကီလိုဂရမ်) မိုင်း ၁၁၀ ချောင်း နဲ့ မိုင်းကြိုး ၁၁၀ ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီမိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေကို မီဇိုရမ်ပြည်နယ် ဇို့ခွာသာ(Zokhawthar)ရွာကနေ ချင်းပြည်နယ်ဘက်ကို ကမ်ဘို ၁၂၅ ဆိုင်ကယ်နဲ့သယ်သွားချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ဖမ်းမိတရားခံချင်းလင်မယားကို ဇို့ခွာသာရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မြန်မာဘက်က ချင်းလက်နက်ကိုင်တွေဟာ ဖောက်ခွဲရေးပစ္စည်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ ရွှေမှောင်ခိုနဲ့ မူးယစ်ဆေးကုန်ကူးတာတွေကို အိန္ဒိယနိုင်ငံဘက်ဆီ အဓိကလုပ်ဆောင်နေတာနဲ့ လက်ရှိမြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အိန္ဒိယနိုင်ငံဘက်က လုံခြုံရေးတင်းကျပ်ထားသလို မြန်မာနဲ့အိန္ဒိယနိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် FMR ကို ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်ဖို့လုပ်ဆောင်နေချိန်မှာ ချင်း PDF တွေနဲ့ ဆက်နွှယ်နေတဲ့ မူးယစ်နဲ့လက်နက်မှောင်ခိုသမားတွေ ဖမ်းဆီးခံရမှုပိုများလာနေတာဖြစ်ပါတယ်။

Ref, Bengvarna & Mizoram Police

Leave a Reply

Your email address will not be published. Required fields are marked *