October 20, 2024

၁၉. ၃ .၂၀၂၄
Written by Hey Mar

ဆွေမျိုးမရှိတဲ့ တစ်ဦးတည်းနေထိုင်သူ အမျိုးသမီးကြီးတစ်ဦး စမ်းချောင်းမြို့နယ်ထဲက တိုက်ခန်းတစ်ခုအတွင်းမှာ ပုပ်ပွသေဆုံးနေပြီး ရုပ်အလောင်းကို မတ်လ ၁၈ ရက်နေ့ ညနေ လေးနာရီဝန်းကျင်က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ ပရဟိတအသင်းတွေက သွားရောက်ကူညီ သယ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ မအူပင်လမ်းအတွင်း အထပ်မြင့်တိုက်ရဲ့ ၃ လွှာမှာနေထိုင်သူ အပျိုကြီး (ဆွေမျိုးမရှိသူ) အမျိူးသမီးကြီးတစ်ဦးတည်း နေထိုင်တဲ့အခန်းက အနံ့ဆိုးဆိုးရွားရွား ရရှိကာ အခန်းတံခါးလည်း သော့ပိတ်လျှက်သားနဲ့ လူကို မမြင်မိတာလည်း လေး၊ငါးရက်ခန့် ရှိနေပြီမို့ အနီးပတ်ဝန်းကျင်က သက်ဆိုင်ရာကို အကြောင်းကြားလာတာလို့ သိရပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်းတွေက သက်သေတွေအရှေ့မှာ ပိတ်ထားတဲ့ အခန်းတံခါးသော့တွေကို ဖျက်စီးဝင်ရောက်ကာ ပုပ်ပွသေဆုံးနေတဲ့ ရုပ်အလောင်းကို ခက်ခက်ခဲခဲ လူအင်အားနဲ့ ထုပ်ပိုးကာ တိုက်ခန်းပေါ်က သယ်ယူခဲ့ပြီး စမ်းချောင်းအရန် မီးသတ်တပ်ဖွဲ့ရဲ့ နာရေးကူညီမှုယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီးရင်ခွဲရုံကိုပို့ ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *