October 20, 2024

၁၉. ၃. ၂၀၂၄
Written By Thandar

ယမန်နေ့ မတ်လ ၁၈ ရက် ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Siam Paragon မှာ ကျင်းပတဲ့ Asia Top Award 2024 ပွဲကြီးမှာ မြန်မာနိုင်ငံက မင်းသား အလင်းရောင်နဲ့ အဆိုတော် The Sai တို့က ဆုတွေ သွားရောက်ယူဆောင်ခဲ့ကြပါတယ်။

အဆိုပါ ပွဲကနေ မင်းသားအလင်းရောင်ကတော့ Best Actor Award ဆုနဲ့ အဆိုတော် The Sai ကတော့ Culture Integration ဆုတို့ ရရှိခဲ့တာဖြစ်ပါတယ်။

“ဒီဆုရတယ်လို့ ပြီးခဲ့တဲ့လပိုင်းက ဆက်သွယ်လာတော့ ပထမ အသိတစ်ယောက်ယောက်က စနောက်နေတယ်ပဲထင်ခဲ့တာပါ။ သေချာမေးမြန်းစုံစမ်းကြည့်တော့ တကယ်ဖြစ်တော့ Surprise လည်း ဖြစ်မိပါတယ်။ မြန်မာပြည်က အနုပညာရှင်တွေအများကြီးထဲကမှ ကိုယ့်ကို သတိထားမိပြီ ဆုပေးမယ်ဆိုတော့ တကယ်ကိုဝမ်းသာမိပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ပြန်လည် လေးစားမှုဖော်ညွှန်းနိုင်လို့ပေးအပ်တာပါ။ ဒီဆုရတဲ့ အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူပြီး ခွန်အားလည်း အရမ်းရပါတယ်။ ကိုယ်ကလည်း အဆိုတော်ဆိုတော့လေ။ သီချင်းတွေ ဆက်လုပ်ဖို့ ခွန်အားတွေအများကြီး ပိုရလာပါတယ်”လို့ အဆိုတော် The Sai က ပြောပါတယ်။

အလင်းရောင်ကတော့ ပြီးခဲ့တဲ့နှစ် Asia Top Award 2023 ဆုပေးပွဲမှာ“သတို့သမီး” ရုပ်ရှင်ဇာတ်ကားနဲ့ Best Artist Award ဆုကို ဆွတ်ခူးရရှိခဲ့ပြီးလည်းဖြစ်ပါတယ်။ အဆိုပါ ပွဲတော်မှာတော့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ စတဲ့ နိုင်ငံတကာက အနုပညာရှင်တွေ အတတ်ပညာရှင်တွေကို ဆုအသီးသီးကို ချီးမြှင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *