October 20, 2024

၁၉.၃.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/တောင် ရပ်ကွက်၊ နဝရတ်လမ်းနှင့် သန်လျင်ချဉ်းကပ်လမ်းထောင့်တွင် မတ်လ ၁၈ ရက် ည ၆ နာရီ ၅၀ မိနစ်ခန့်က ဆီချစဉ် ပိုက်ပြုတ်ထွက်ရာမှ ဆီသယ်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇယ်ဂါလန် ၇၉၀၀ ဆံ့ HINO အမျိုးအစား ဆီသယ်ယာဉ်က မြေပြင်ရှိ ၃၂၀၀ ဂါလန်ဆံ့ Tank သို့ ၂ လက်မ ပိုက်ဖြင့် ဆီချစဥ် ပိုက်ပြုတ်ထွက်ပြီး အိတ်ဇောပေါ်သို့ ဆီများဖိတ်ကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

” မီးလောင်တဲ့နေရာနားမှာ တခြား ဆီ Tank တွေနဲ့ တခြားအဆောက်အအုံတွေလည်းရှိတာကြောင့် မီးမကူးအောင် အရင်ဆုံး ကာနိုင်ခဲ့တယ်။ မီးသတ်သမားတွေကော ပရဟိတအဖွဲ့တွေပါ အမြန်ဆုံးရောက်လာပြီး ကူညီငြှိမ်းသတ်ခဲ့တာကြောင့် မီးမကြီးဘဲအမြန်ဆုံးငြှိမ်းသတ်နိုင်ခဲ့တာ”ဟု မီးလောင်မှုကို ကိုယ်တိုင်သွားရောက် ကူညီငြှိမ်းသတ်သူ တစ်ဦးက ပြောသည်။

ဆီဘောက်ဆာမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၁၄ စီး၊ ရေသယ်ယာဥ် ၁၀ စီး၊ အ​ထောက်အကူပြုယာဥ် ၂ စီး၊ ကွပ်ကဲမှုယာဥ် ၃ စီး မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *