October 20, 2024

၁၈. ၃. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်း၌ ကောက်စိုက်စက်များကို သုတေသနပြုလေ့လာ၍ တီထွင်ထုတ်လုပ်နေပြီး MSME များ လိုအပ်သည့် စက်ပစ္စည်းကိရိယာနှင့် ဆီသန့်စင်သည့်စက်များ ထုတ်လုပ်နိုင်ရေးတို့ကိုပါ သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မတ်လ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များနှင့် ကောက်စိုက်စက်များကို သုတေသနပြုလေ့လာ၍ တီထွင်ထုတ်လုပ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးရေးသုံး စက်ပစ္စည်းကိရိယာများကို တီထွင်စမ်းသပ်ထုတ်လုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် MSME များအတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ၊ စက်အရန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME များအတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ အသုံးပြုရမှု သက်သာစေမည်ဖြစ်သည့်အပြင် စက်ရုံအနေဖြင့် ဝင်ငွေတိုးတက်ရရှိစေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

စက်ရုံအနေဖြင့် ထုတ်လုပ်ပေးနိုင်သည့် စက်ပစ္စည်းအစိတ်အပိုင်းများကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များ သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မန္တလေးစက်မှုဇုန်မှ ဝါကြိတ်စက် (Double Roller Gin) များ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသဖြင့် လိုအပ်သည့် စက်အစိတ်အပိုင်းများကို ထုတ်လုပ်ပေးစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းဆီစားသုံးမှု ဖူလုံစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိသဖြင့် ဆီသန့်စင်သည့်စက်များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနပြုလုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်‌ထောင်စုဝန်ကြီးက ‌ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *