October 20, 2024

၁၈. ၃. ၂၀၂၄
Written by Thin Zar

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာတွင် PDF များ၏ ဒရုန်းတစ်စီးကို လုံခြုံရေးတပ်ဖွဲ့မှ ပစ်ချသိမ်းဆည်းရရှိကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၇ ရက် ညနေ ၅ နာရီကျော်တွင် ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ်အတွင်း PDF များ၏ ဒရုန်းမှာ ထိုလုံခြုံရေးတပ်ဖွဲ့အနီးသို့ ပျံသန်းလာသည်ကို တွေ့ရှိသောကြောင့် ထိုဒရုန်းကိုပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၁၅ ရက် နံနက် ၁၁ နာရီကျော်တွင် ဘုတလင်မြို့၊ သမန်းတောင်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ်အတွင်း PDF များမှ ဒရုန်းဖြင့် လက်လုပ်ဗုံးသီးချိတ်ဆွဲ၍ ၂ ကြိမ်တိုင်တိုင်ပစ်ချတိုက်ခိုက်ပြီး လာရာလမ်းအတိုင်း ပျံသန်းသွားသော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

Photo -credit

Leave a Reply

Your email address will not be published. Required fields are marked *