October 20, 2024

၁၈.၃.၂၀၂၄
Written By Thandar

“ကျားဖမ်းမယ်” ရုပ်ရှင်ဇာတ်ကားကြီးကို Comeback အနေနဲ့ပြန်လည်ရိုက်ကူးရလို့‌ ပျော်မိသလို ​ကျားကြီးရော ကျားငယ်ကိုပါ ဖမ်းရမယ့် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

“ဒီကားက မေလေးအတွက် Comeback အနေနဲ့ ပထမဦးဆုံး ရုပ်ရှင်ကားမို့ အရမ်းပျော်ပါတယ်။ ဒီကားက ထူးခြားတဲ့ ဇာတ်လမ်းလည်းဖြစ်တယ်။ ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေနဲ့ဆိုတော့ ဇာတ်ကိုဖတ်လိုက်ထဲက အရမ်းကြိုက်သွားတယ်။ ကိုယ်လုပ်မယ့် ဇာတ် ကောင်ကလည်း အရမ်းကောင်းတာမို့ မေလေး လက်ခံလိုက်တာပါ။ ဒီကားမှာ မေလေးက ကျားကြီးရော ကျားငယ်ရော နှစ်ကောင်ဖမ်းရမယ့်သူပေါ့။ ဘာတွေဆက်ဖြစ်မလဲဆိုတာ မကြာခင် သိရမှာပါ” လို့ သရုပ်ဆောင် ‌ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

ဒါရိုက်တာ ဦးမိုးမင်း ရိုက်ကူးမယ့် “ကျားဖမ်းမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ စီနီယာသရုပ်ဆောင်တွေအပြင် ဂျူနီယာသရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ် ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဇင်ဇင်ဇော်မြင့်ဟာ အနုပညာပိုင်းမှာ အောင်မြင်နေဆဲအချိန်မှာ လက်ထပ်သွားခဲ့ပြီး စီးပွားရေးအလုပ်တွေကိုပဲလုပ်နေရာက‌နေ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်တွေက အနုပညာ အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။

“ကျားဖမ်းမယ် ရုပ်ရှင်က အရမ်းလောင်ရမှာပါ။ လုံးဝကို အလောင်အကြီးစားမို့ အခုထဲက ပြင်ဆင်ထားပါတယ်။စိတ်ဆိုးတဲ့အခန်းရိုက်ရင် တကူးတက စိတ်ဆိုးစရာမလိုဘူး။ ဒိုင်ယာလော့ခ်နဲ့တင် စိတ်ကဆိုးနေပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

သူမကတော့ မကြာခင် ရုပ်ရှင် ပိတ်ကားပေါ်ရော ၊ ဇာတ်လမ်းတွဲတွေမှာ မေလေးကို မတူတဲ့ အိုက်တင်တွေနဲ့ မြင်တွေ့ရမယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *