၁၇.၃.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနားပိုလီးစ်ပြည်နယ်၊ အင်ဒီယာနားပိုလီးစ်မြို့ရှိ နိုက်ကလပ် ညကပွဲရုံတစ်ခုတွင် မတ်လ ၁၆ ရက် နံနက်အစောပိုင်းက ပစ်ခတ်မှုတစ်ရပ်ပြုခဲ့သူ အသက် ၂၅ နှစ်ရှိ နီကိုလပ်စ် ဖတ်က် ဆိုသူအား နံနက် ၁၀ နာရီခန့်တွင်ပြန်လည်ဖမ်းဆီးမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
အဆိုပါပစ်ခတ်မှုက နံနက် ၁ နာရီ မိနစ် ၂ တွင် ကပွဲရုံအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရဲအရာရှိများရောက်ရှိလာသောအခါတွင် လူငါးဦးအားသေနတ်ဒဏ်ရာများရရှိထားသည်ကို တွေ့ခဲ့ကြရပြီး ၎င်းတို့ကို ဆေးဘက်ဆိုင်ရာအဖွဲ့များက ရှေးဦးသူနာပြုကုသမှုများပြုလုပ်ပေးကာ ဆေးရုံတစ်ရုံသို့ပို့ဆောင်ပေးခဲ့သော်လည်းတစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ရသည်။
ထို့နောက်တွင်မူ ဖြစ်စဥ်၌ ခြောက်ယောက်မြောက်ပစ်ခတ်ခြင်းခံရသူတစ်ဦးက နယ်မြေအတွင်း ဆေးရုံတစ်ရုံသို့ ၎င်းကိုယ်တိုင်ပင် ရောက်ရှိလာနေခဲ့သည်ကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ သေဆုံးသွားသူတစ်ဦးမှအပ ကျန်ရှိသောဒဏ်ရာရသူငါးဦးစလုံး အသက်အန္တရာယ်မစိုးရိမ်ရဟု မျှော်လင့်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ထုတ်ပြန်ချက်၌ ရဲတပ်ဖွဲ့၏ ထက်မြက်သော စမတ်နည်းပညာကိုအသုံးပြုခြင်းဖြင့် ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်သူက ဖတ်ဆိုသူ ဖြစ်ကြောင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟုလည်းဆိုသည်။
အင်ဒီယာနာပိုလီးစ်မြို့တွင် ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုတစ်ရပ်ကြောင့် လူတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သေးရာ ၎င်းက ၂၀၂၄ ခုနှစ်၏ပထမသုံးလအတွင်း အမေရိကန်၌ လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ပွားမှု ၇၇ ဖြစ်ပွားရခြင်းတွင်လည်း ပါဝင်ခဲ့သည်။
Ref- CNN