October 20, 2024

၁၇. ၃. ၂၀၂၄
Written by Thettant

ခင်ပွန်းဟောင်းဖြစ်သူ စိုင်းလွှမ်းနဲ့ ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦးတို့ကြားမှာ သမီးငယ်စစ်လွန်းဝတီထက်သာ ဆက်နွှယ်မှုရှိတော့သလို သူတို့ကြား မောင်နှမလိုဆက်ဆံရေးသာရှိတော့ပေမဲ့ လက်ရှိအချိန်မှာ ခင်ပွန်းဟောင်းစိုင်းလွှမ်းက အမျိုးသမီးငယ်တစ်ဦးနဲ့ မေတ္တာမျှနေမှုကို မီဒီယာအထက်က လူသိရှင်ကြားဖြေဆိုလာချိန် တိုက်ခိုက်မှုတွေထွက်ပေါ်လာပေမဲ့ အကယ်ဒမီ ထက်ထက်မိုးဦးကတော့ ခင်ပွန်းဟောင်းနဲ့ ခင်ပွန်းဟောင်းရဲ့လက်တွဲဖော်အသစ်ဖြစ်လာမဲ့ အမျိုးသမီးငယ်ကို သူတို့ရဲ့ ကွာရှင်းစာချုပ်ချပြတဲ့အထိ ကာကွယ်ပေးသွားခဲ့ပါတယ်။

“လူရယ်လို့ဖြစ်လာရင် ကိုယ့်ဘဝကိုယ်ဖန်တီးရတာမို့အကောင်းအဆိုးဘာဘဲဖြစ်ဖြစ် ခံနိုင်ရည်ရှိရမယ် ကိုယ့်ဘဝကိုယ်သိဖို့ပါပဲမို့လား လူတချို့က အရမ်းအပြစ်ပြောကြတယ် အဲ့လိုလူတွေကလဲ ကိုယ်လိုမကြုံဘူးသေးလို့ဖြစ်မှာပေါ့နော် လူတိုင်းက ဘဝကို အကောင်းချည်းပဲဖြစ်ချင်ကြတာပဲ ဒါပေမယ့် ကံကို ဘယ်သူကြိုမြင်ရလို့လဲ ကျမကိုအမျိုးမျိုးဝေဖန်ကြတယ် ကလေးမွေးပီး ဘာတာဝန်မှမယူဘူး ဘာညာနဲ့စုံနေတာပဲ ကျမကအမေလေ ကျမရင်ထဲကိုဘယ်သူလာမြင်လဲ ဘယ်လိုအကြောင်းအရာတွေ ကျမတို့အိမ်ထောင်ရေးမှာရှိကြလဲမသိဘဲနဲ့ ဟိုဘက်ကိုမျက်နှာလိုအားရလုပ်လိုက် ဒီဘက်ကိုတမျိုးပြောလိုက်နဲ့ ကျမရင်ထဲမှာမီးတောက်အောင်ခံစားရတာ ကျမပဲသိတယ် ဒါတွေကပီးခဲ့ပြီမို့ထားပါလေ အခုကျမအသက်အရွယ်တစ်ခုရလာချိန်မှာ ဘယ်သူကဘာပြောပြော ကျမမှာဝမ်းနည်းဝမ်းသာဆိုတာမရှိတော့ပါဘူး ကျမသမီးလေးနဲ့ကျမ အဆင်ပြေတယ် သမီးလေးအဖေနဲ့လဲ ကွာရှင်းပီးပေမယ့် မောင်နှမလိုသဘောထားဆက်ဆံရေးပြေလည်ပါတယ် သမီးလေးအတွက် တခုခုဆို ဒီအဖေဒီအမေက တိုင်ပင်ရမှာပဲပေါ့ အခုလဲ သမီးလေးအဖေက အမျိုးသမီးလေးတစ်ယောက်နဲ့ လက်ထပ်တော့မှာကို တချို့မီဒီယာတွေက ခေါင်းစဉ်တွေပေါက်ကရရေးပီး စည်းမရှိတင်ကြတာတွေ့တယ် လျှောက်မရေးကြပါနဲ့ သူတို့နှစ်ယောက်ဟာ လွတ်လပ်သူတွေတရားဝင်လက်ထပ်လို့ရပါတယ် ကျမနဲ့လဲဘာမှမဆိုင်တော့ဘူး တစ်ဖက်မိန်းကလေးနစ်နာအောင်မရေးကျ မပြောကြပါနဲ့ သူ့ဘဝသူ့အလုပ်bသူကြိုးစားနေတာ လူတဖက်သား တက်လမ်းပိတ်အောင် ဇွတ်တွေမဝေဖန်ကြပါနဲ့ သူတို့ချစ်လို့လက်တွဲတာ လက်တွဲပိုင်ခွင့်ရှိတယ်လေမိန်းကလေးဘဝကို မစာနာပဲပြောဆိုနေကြတာတွေ မပြောစေချင်ဘူး ကျမကိုယ်ချင်းစာလို့ပါ ဘာအကြောင်းကြောင့်မှမဟုတ်ပါဘူး လူတိုင်းကကိုယ့်ဘဝအတွက်ကိုယ်ကောင်းအောင်ကြိုးစားနေကြတဲ့သူတွေချည်းပါပဲ(သတ်ပုံ မူရင်း)” လို့ ကွာရှင်းစာချုပ်နဲ့ အသိပေးလာတာဖြစ်ပါတယ်။

ထက်ထက်မိုးဦးရဲ့ ခင်ပွန်းဟောင်းဟာ ပြီးခဲ့တဲ့လပိုင်းထဲမှာ ရွှေလက်တွဲမဲ့ အမျိုးသမီးငယ်ကို တိုင်းသိပြည်သိချပြခဲ့သလို လက်တွဲဖော်အသစ် သဘင်မင်းသမီးကလည်း အားလုံးကိုလက်ခံနိုင်တယ်လို့ သတင်းစာမျက်နှာထက်မှာ လူသိရှင်ကြားဖြေလာပေမဲ့ တိုက်ခိုက်မှုတွေရှိလာတာကြောင့်လည်း ထက်ထက်မိုးဦးက ခင်ပွန်းဟောင်းကိုရော၊ ခင်ပွန်းဟောင်းနဲ့ရွှေလက်တွဲမဲ့သဘင်မင်းသမီးကို တိုက်ခိုက်သူတွေပါ ရပ်တန်းကရပ်အောင် အခုလိုမျိုးဖွင့်ဟလာတာဖြစ်ပါတယ်။

ကွာရှင်းစာချုပ်မှာ ၂၀၀၅ ခုနှစ်က လက်ထက်ခဲ့တဲ့ခင်ပွန်းဟောင်းနဲ့ လက်ရှိ ၁၂ နှစ်အရွယ်သမီးငယ်စစ်လွန်းဝတီထက်လို့ ဖော်ပြထားတာကြောင့် တချို့က ကွာရှင်းတဲ့အချိန်လပိုင်းကို တွက်ဆထောက်ပြနေကြပေမဲ့လည်း အများစုကတော့ ထက်ထက်မိုးဦးရဲ့ သဘောထားကြီးမှုအပေါ် ချီးကျုးခဲ့ကြတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *