October 23, 2024

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ဇန်နဝါရီလအတွင်း တွေ့ရစဉ်

MT News

Translated by Htwe Ko Tun

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် နယ်စပ်ကိုဖြတ်ကျော်ရန်ကြိုးစားလာကြသည့် မြန်မာနိုင်ငံဘက်ခြမ်းမှ မူးယစ်ဆေးဝါးတရားမဝင်ရောင်းချတင်သွင်းသူ ၁၅ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်နှိမ်နင်းခဲ့ရကြောင်း ထိုင်းစစ်တပ်က ဒီဇင်ဘာ ၈ ရက်တွင်ပြောသည်။

ပစ်ခတ်မှုများမှာ မြန်မာ၊ ထိုင်းနှင့်လာအို သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသအနီးတွင်ဖြစ်ပြီး မကြာခဏဖမ်းဆီးနှိမ်နင်းမှုများရှိနေသော်လည်း မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်ကြရာ အချက်အခြာနေရာအဖြစ်ရှိနေခြင်းဟုလည်း သိရသည်။

ထိုင်းတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် ချင်းမိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ လမ်းလျှောက်ဝင်ရောက်လာသူ ၂၀ ဦးခန့်အား တွေ့ရှိခဲ့သည်။ ထိုင်းတပ်ဖွဲ့ဝင်များက ၎င်းတို့အား ရပ်တန့်စစ်ဆေးခံရန်ပြောစဉ် စတင်ပစ်ခတ်မှုများပြုခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ မြန်မာဘက်မှဝင်လာသူ ၁၅ ဦးသေဆုံးခဲ့ခြင်းဟု ထိုင်းစစ်ဘက်က ပြောခဲ့သည်။

၎င်းတို့ထံမှ မူးယစ်ဆေးဝါးအိတ် ၃၀ ကိုတွေ့ရှိခဲ့ကြောင်းလည်းသိရသည်။ စစ်ဆေးမှုများအရ ICE မူးယစ်ဆေးဝါးများဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောခဲ့သည်။

Ref, Alarabiya News

Leave a Reply

Your email address will not be published. Required fields are marked *