၁၇. ၃.၂၀၂၄
Writer & Photo Tha Doe
မြကျွန်းသာရှေ့ကားပါကင်မှာ မတ်လ ၁၅ ရက်ကနေ ၁၇ ရက်အထိ ပြုလုပ်နေတဲ့ Mya Kyun Thar Walking Street ရဲ့ စျေးပွဲတော် မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
ကလေးငယ်တွေအတွက် ပျော့ပျော့အိအိကစားကွင်းတွေ၊ သေနတ်ပစ်ဂိမ်းတွေ၊ ဖျော်ဖြေပွဲတွေနဲ့ မုန့်ဆိုင်စျေးဆိုင်တန်းဖျော်ဖြေပွဲတွေထက် ထူးထူးခြားခြားလူစည်ကားနေတာကတော့ လူငယ် Dancer အဖွဲ့လေးတွေရဲ့ ကပြဖျော်ဖြေမှုမြင်ကွင်းတွေပါ။
လူငယ်ဆိုတာ သူတစ်ပါးအသုံးချခံမဟုတ်ဘဲ ကိုယ့်ဘဝတက်လမ်းနဲ့ နိုင်ငံ့အနာဂတ်အတွက် လွတ်လပ်ပေါ့ပါးစွာ နေချိန်မှာနေ၊ ကြိုးစားချိန်ကြိုးစားဆိုတာမျိုး မြင်နေရပြီး တင်ဆက်ဖျော်ဖြေနေချိန် လောဘ၊ ဒေါသ၊ မောဟ ကင်းစင်နေတဲ့ ဥပဓိတွေဟာ သူတစ်ပါးအသုံးချခံရင်း တိုက်ခိုက်ဖျက်ဆီးဖို့ပဲ အားထုတ်နေသူတွေထက်တော့ ဖြူဖြူစင်စင်လင်းတယ် မဟုတ်ပါလား….။