October 23, 2024

ဧရာဝတီတိုင်းမှ ကုန်ကားများကို လှိုင်သာယာတွင်လုယက်နေသူတရားခံများ ဖမ်းမိထားမှု တွေ့ရစဥ်

MT News

Written by Kyaw Soe Moe(Pyapon)

ဧရာဝတီတိုင်းမှ ရန်ကုန်သို့ ဒေသထွက်ကုန်များဖြစ်သော ရေထွက်ကုန်နှင့် ဆန်ကုန်ကားများကို ရန်ကုန်တိုင်းအဝင် လှိုင်သာယာမြို့နယ်မှစကာ အကြမ်းဖက်လုယက်နေသည့် အဖွဲ့အား ဒီဇင်ဘာ ၈ ရက်  နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းမှ တင်ပို့လာသော ကုန်ကားများကို မိုးကာခွဲကာ လုယက်ခိုးယူခြင်း၊ စပါယ်ယာနှင့် ယာဥ်မောင်းအား ခိုးယူမှုတိုင်ကြားပါက သတ်ဖြတ်မည်ဆိုကာ ခြိမ်း​ခြောက်လုယက်နေသဖြင့် ဖမ်းဆီးခံရသည့် ၆ ဦးတွင် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၅ ဦး ပါဝင်ကာ ၎င်းတို့ ၆ ဦး လှိုင်သာယာ ဘုရားလမ်းထိပ်မီးပွိုင့်အနီးစတင်ကာ ကုန်ကားပေါ် တင်ဆောင်လာသည့် အာပြဲခြောက် (ခေါ်) ငါးနှပ်ခြောက် (၂)လိပ်ကို ကုန်ကားပေါ်တက်လုနေစဥ် လုံခြုံရေးတပ်ဖွဲ့က လှည့်ကင်းဆောင်ရွက်နေချိန်တွေ့ရှိပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ကုန်တင်ယာဥ်မောင်းထံမှ သိရသည်။

ဖမ်းဆီးရမိသူများမှာ အောင်ကို(ခ)ကုလား၊ ကိုဖြိုး၊ ကျော်သူရ၊ အောင်အောင်(ခ)ဝေလင်းအောင်၊ အောင်မျိုးမင်း၊ ခိုင်ရွှေဝါ တို့ဖြစ်ပြီး ယင်းတို့ကို လှိုင်သာယာမြို့မ ရဲစခန်းတွင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်စေရေးအတွက် စစ်ဆေးဆောင်ရွက်နေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *