၁၇ .၃ . ၂၀၂၄
Written by MMAK
◾ချဲလ်ဆီး Vs လက်စတာ
ချန်ပီရှစ်ကလပ် ကိုဗင်ထရီကို လျှော့တွက်ခဲ့တဲ့ ဝုဗ်ကတော့ FA ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ လိဂ်ချန်ပီယံရှစ် အမှတ်ပေးဇယားထိပ်ဆုံးက လက်စတာကို ချဲလ်ဆီး လျှော့ တွက်မယ်ဆိုရင်လည်း အိမ်ကွင်းကြီးမှာ ရင်ကွဲပက်လက်နဲ့ ငိုနေဖို့ပဲရှိပါတယ်။ လက်စတာရဲ့ ကစားသမားအင်အား ကစားကွက်နဲ့ ခြေစွမ်းက တချို့ပရီးမီးယားလိဂ် အသင်းတွေထက်တောင် သာပါတယ်။ ဒါ့ကြောင့်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေသလို နောက်ရာသီ ပရီးမီးယားလိဂ် တန်းတက်လာမဲ့ အသင်းတစ်သင်းအဖြစ် သေချာသလောက်ရှိနေပါတယ်။ ချဲလ်ဆီးရဲ့ နောက်ရာသီ ဥရောပဝင်ခွင့် မျှော်လင့်ချက်ကလည်း ဒီဖလားကနေ ဖြစ်နိုင်သလို နည်းပြပိုချက်တီနို ရာသီကုန်ထိ ရှိနေချင်တယ်ဆို ဒီကွာတားဖိုင်နယ်အဆင့်ကို သေချာပေါက် ကျော်လွှားပေးနိုင်ရပါမယ်။ ဒီအတွက်ကြောင့် ချဲလ်ဆီး အလျှော့ပေး ကစားလာမှာ မဟုတ်ဘဲ အင်တိုက်အားတိုက် အနိုင်ကစားလာမှာ သေချာပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက တစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်ရှုံး ပေါက်ကြေးမှာ ချဲလ်ဆီးအသင်း နှစ်ဂိုးပြတ်ပါ့မလား စဉ်းစားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ တိုက်စစ်က ယုံစားလို့ရတဲ့ အခြေအနေမှာ မရှိသလို နှစ်ဂိုးပြတ် သွင်းထားနိုင်မယ်ဆိုရင်တောင် လက်စတာကို ဂိုးပြန်ပေးရဦးမယ် ထင်ပါတယ်။ ချဲလ်ဆီးအသင်း အိမ်ကွင်းမှာ အနိုင်ကန်ဖို့ ကြိုးစားလာမှာ ဖြစ်ပေမဲ့ နှစ်ဂိုးပြတ်နိုင်ဖို့ မလွယ်ကူဘူးလို့ ယူဆပါတယ်။ လက်စတာ အနေနဲ့ကလည်း ချဲလ်ဆီးအသင်းကို ယှဉ်ကစားနိုင်တဲ့ အဆင့်မျိုးဖြစ်တဲ့အတွက် နှစ်သင်းလုံး ဂိုးရနိုင်တဲ့ ပုံစံမျိုး တွေ့ရပါတယ်။ ဒါ့ကြောင့် လက်စတာ တစ်ဂိုးသွင်းတာနဲ့ အရှုံးမရှိတော့မဲ့ ဘော်ဒီအောက် ဂိုးပေါ် ဖော်မြူလာအဖြစ် လက်စတာ ဘော်ဒီနဲ့ ဂိုးပေါ်ကို တွဲရွေးပေးချင်ပါတယ်။
◾ဝက်စ်ဟမ်း Vs အက်စတွန်ဗီလာ
နှစ်သင်းလုံး ကြားရက်မှာ ဥရောပ ပွဲစဉ်ကစားခဲ့ရပြီး
ဂိုးပြတ်အနိုင်ရလဒ်တွေနဲ့ နောက်တစ်ဆင့်ကို တက်ထားနိုင်တာ တွေ့ရပါတယ်ယ ကွင်းလယ်က အသင်းရဲ့ ကပ္ပတိန် မက်ဂင်းနဲ့ ဝါ့ကင့်စ် မပါနိုင်တဲ့ ဗီလာအသင်း ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ အနိုင်ကန်နိုင်ဖို့ဆိုတာ လွယ်မယ် မထင်ပါဘူး။အဝေးကွင်း အက်စတွန်ဗီလာအသင်းက ပြားနှစ်ဆယ်အရှုံးကြေးကြော ပြန်ပေးထားတယ်ဆိုပေမဲ့ ဒါဟာ ဘွတ်ကီလှည့်ကွက်တစ်ခုသာ ဖြစ်နိုင်ပါတယ်။ ဝက်စ်ဟမ်းအသင်းက ဘွတ်ကီပေါက်ကြေးတွေမှာ ထိန်းမရ သိမ်းမရ ကြေးအောင်တတ်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်ရှုံးပေါက်ကြေးအရ နှစ်သင်းလုံး အပြန်အလှန် ဖွင့်တိုက်ပြီး ဂိုးတွေအပြိုင်သွင်းကြမယ်လည်း မထင်ပါဘူး။ ဗီလာအသင်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုအပ်တာ မှန်ပေမဲ့ အဓိကကစားသမားနှစ်ယောက်မပါတဲ့ အဝေးကွင်းပွဲစဉ်မှာ သရေလောက်ဆိုရင်ကို မျှတတဲ့ ရလဒ်ဖြစ်ပါတယ်။ အိမ်ရှင်ဝက်စ်ဟမ်းအသင်းနဲ့ ဂိုးအောက်ကြိုက်ပါတယ်။
◾မန်ယူ Vs လီဗာပူး
အင်္ဂလန်ဒါဘီရယ်လို့ တင်စားခေါ်ဝေါ်လောက်တဲ့အထိ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နှစ်သင်းဖြစ်သလို FA ဖလားပွဲစဉ်ဖြစ်ပေမဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြမဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ မန်ယူရဲ့ ရလဒ်နဲ့ ခြေစွမ်းတွေက တည်ငြိမ်မှု မရှိသလို ဒဏရာရကစားသမားတွေ များနေတာကြောင့် အိမ်ရှင်မန်ယူအသင်း ခက်ခက်ခဲခဲ ကစားရနိုင်ပါတယ်။ လီဗာပူးကလည်း ဒဏ်ရာရ ကစားသမားများနေတယ်ဆိုပေမဲ့ ကျန်တဲ့ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေ ပေါင်းစပ်ပြီး အကောင်းဆုံးခြေစွမ်းပြနေတာ တွေ့ရပါတယ်။ ဒဏ်ရာရ ကစားသမားများနေတယ်ဆိုပေမဲ့ လီဗာပူးရဲ့ တိုက်စစ်က လူစုံကစားနိုင်သလို လတ်တလောပွဲစဉ်တွေမှာလည်း သွင်းဂိုးတွေအများကြီး သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ အိမ်ရှင်မန်ယူ လီဗာပူးကို ယှဉ်ကစားမယ်ဆို လီဗာပူးရဲ့ တိုက်စစ်က ဂိုးပိုရဖို့ သေချာသလို လက်ရှိခြေစွမ်းအရ လီဗာပူးအသင်းကို ယှဉ်ကစားနိုင်တဲ့ ခြေစွမ်းမျိုး မရှိပါဘူး။ လီဗာပူးရဲ့ ဘော်ဒီကြေး တစ်လုံးငါးဆယ်စား ဂိုးပေါင်းကြေး သုံးလုံး ခြောက်ဆယ်ရှုံးပေါက်ကြေးအရ လီဗာပူးအသင်း အနိုင်တစ်ဂိုး သေချာပါတယ်။ မန်ယူအသင်းရဲ့ အိမ်ကွင်းမှာ ကြိုးကြာတွေ အမြင့်ပျံသန်းနိုင်ပါလိမ့်မယ်။ အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ အနိုင်ရမဲ့ လီဗာပူးကို ရွေးချယ်ပေးချင်ပါတယ်။
◾အသလက်တီကို Vs ဘာစီလိုနာ
လာလီဂါရဲ့ အသင်းကြီး နှစ်သင်းဖြစ်သလို ထိပ်တိုက်တွေ့ဆုံမှုတိုင်း အကြိတ်အနယ်နဲ့ ပြိုင်တိုင်မှု ပြင်းထန်တာကြောင့် အမြဲတမ်း စောင့်ကြည့်ဖြစ်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ အသလက်တီကိုအသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် အနိုင်သုံးမှတ်ရဖို့ အရေးကြီးသလို ရီးရဲအသင်းကို အမှီလိုက်ဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာ အသင်းကလည်း အနိုင်သုံးမှတ်အတွက် ဦးတည်ကစားမဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးသုံးပွဲမှာ နှစ်သင်းပေါင်း နှစ်ဂိုးတောင် မရောက်ခဲ့ဘဲ ဒီပွဲရဲ့ ဂိုးပေါင်းကြေးက သုံးလုံးသုံးဆယ်စား ပေးထားတာဟာ စိတ်ဝင်စားစရာ အကောင်းဆုံး ပေါက်ကြေးဖြစ်ပါတယ်။ ဘော်ဒီကြေး ပြားသုံးဆယ်လောက်သာ ပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးစားအရ နှစ်သင်းလုံး ဂိုးရမယ်၊ တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမဲ့ ပွဲစဉ်လို့ ပြောလို့ရပါတယ်။ နှစ်သင်းလုံး တိုက်စစ် ဖွင့်ကစားပြီး အနိုင်သုံးမှတ်အတွက် ဦးတည်ကစားကြမဲ့ ပွဲစဉ်ဖြစ်သလို ဂိုးပေါင်းကြေး ဘွတ်ကီ ဖော်လိုအရ ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾အင်တာမီလန် Vs နာပိုလီ
ကြားရက်မှာ နှစ်သင်းလုံး ချန်ပီယံလိဂ်က ထွက်ခဲ့ရသလို အီတလီစီးရီးအေ အသင်းတွေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တစ်သင်းမှ တက်လှမ်းမလာနိုင်ပါဘူး။ အရင်နှစ်က ချန်ပီယံလိဂ် ဖိုင်နယ် တက်ခဲ့သလို ဒီရာသီမှာ ထူးရှယ်ခြေစွမ်းပြနေတဲ့ အင်တာမီလန် ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာဟာ အင်တာမီလန်အသင်းရဲ့ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် ဒီပွဲစဉ်ဟာ ဂုဏ်သိက္ခာ ပြန်ဆယ်မဲ့ ပွဲစဉ်တစ်ခုဖြစ်ပါတယ်။ နာပိုလီအသင်းကတော့ နည်းပြအပြောင်းအလဲ လုပ်ပြီးနောက်ပိုင်း ခြေပြန်တက်လာတာမျိုးတွေ့ရပေမဲ့ အကောင်းဆုံးပုံစံတော့ ပြန်မရသေးတာတွေ့ရပါတယ်။ စီးရီးအေမှာ အင်တာမီလန်အသင်းက တခြားအသင်းတွေထက် တစ်ဆင့်ပိုမြင့်တဲ့ အသင်းအဖြစ် သက်သေပြထားနိုင်သလို အမှတ်ပေးဇယား ဒုတိယမြောက်အသင်းကို ဆယ့်ခြောက်မှတ်ထိ ဖြတ်ထားပြီး ဦးဆောင်ထားပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင် အင်တာမီလန်အသင်းက တစ်လုံးတစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားဖြစ်ပါတယ်။ အင်တာမီလန်အသင်း အမှတ်မလိုအပ်တာ မှန်ပေမဲ့ ဂုဏ်သိက္ခာ ပြန်ဆယ်ရမှာ ဖြစ်သလို ပြိုင်ဘက်အသင်းက နာပိုလီလို အသင်းကြီးဖြစ်နေလို့ ဒီပွဲအနိုင်ကစားပြီး ချန်ပီယံလိဂ်ထွက်ခဲ့ရတဲ့ အရှုံးအတွက် ပရိတ်သတ်တွေကို ပြည်လည်ပျော်ရွှင်ခွင့် ယူဆောင်ပေးပါလိမ့်မယ်။ အင်တာမီလန်နဲ့ ဂိုးပေါ် တွဲရိုက်စေချင်ပါတယ်။
◾ဗီလာရီးရဲ Vs ဗလင်စီယာ
လာလီဂါမှာ တိုက်စစ် အသားပေး ကစားပုံမျိုးကို ပုံဖော်ထားတဲ့ နည်းပြ ဂါစီယာရဲ့ ဗီလာရီရဲအသင်းကို စောင့်ကြည့်ဖြစ်ပါတယ်။ တိုက်စစ်အသားပေးကစားဟန်ကြောင့် ကြည့်လို့ကောင်းပြီး နောက်ဆုံးငါးပွဲမှာ ဆယ့်ငါးဂိုးထိ သွင်းထားတာ တွေ့ရသလို ပေးဂိုးတွေလည်း များနေတာ တွေ့ရပါတယ်။ ဗလင်စီယာအသင်းကလည်း ပြိုင်ဘက်အသင်းက တိုက်စစ်ဖွင့်ကစားတယ်ဆိုရင် သူတို့ကလည်း တိုက်စစ်ဖွင့်ကစားတတ်တဲ့ အသင်းမျိုးဖြစ်ပါတယ်။ ဒါဘီပွဲစဉ်ဖြစ်တာကြောင့်လည်း စိတ်ဝင်စားဖို့ကောင်းသလို ဒီပွဲစဉ်မှာ နှစ်သင်းလုံးတိုက်စစ်ဖွင့်ကစားပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်လို့ကောင်းမဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ အိမ်ရှင်ဗီလာရီးရဲအသင်းက ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံးဖြစ်ပါတယ်။ တိုက်စစ်ဖွင့်ကစားကြမဲ့ ပွဲလို့ ယူဆထားတဲ့အတွက် အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ သေချာသလို တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ဂိုးပေါ်ရွေးချယ်ဖို့ အကြိုက်တွေ့နေတာကြောင့် ဗီလာရီးရဲ ဂိုးပေါ်ကို ထပ်မံရွေးချယ် ပေးချင်ပါတယ် ။