October 20, 2024

၁၇.၃.၂၀၂၄
Written by KL

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်လမ်းပေါ် ကြိုးတံတားရွာနှင့် စံပြရွာကြားတွင် ယနေ့ (မတ်လ ၁၇ ရက်) နံနက် ၇ နာရီခွဲခန့်က) လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေ​သော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားမှာ မှောက်လျက်အနေအထားဖြင့် လက်ပြန်ကြိုးတုတ်ထားပြီး လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်သည်။

သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို ရေးမြို့၊ လမိုင်း​​ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ရွှေဟင်္သာလူမှုကူညီရေးအသင်းမှ အသင်းဝင်များက ပို့ဆောင်ပေးခဲ့ကြောင်း သိရပြီး သေဆုံးသူမှာ လတ်တလောတွင် ပိုင်ရှင်မပေါ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *