October 20, 2024

၁၇.၃.၂၀၂၄
Written By Thandar

အဓိကမင်းသမီးတွေနဲ့ ဇာတ်ရုပ်တွေကို ရသစုံဖန်တီးမယ့် “ကျားဖမ်းမယ်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ မတ်လ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရား အောင်မြေမှာ ကျင်းပခဲ့ပါတယ်။

“ဒီကားက အမျိုးသမီးတွေရဲ့ အတွင်းစိတ် အပြိုင်စိတ် မနာလိုစိတ်တွေကို မြင်ရမယ်။ နောက်ယောက်ျားတွေရဲ့ မာယာတွေကိုပြမယ်။ ရယ်စရာ ကြည်နူးစရာ ထိတ်လန့်စရာတွေပါမယ်။ နောက် တုန်လှုပ်စရာလေးပါမယ်။ ရသစုံ အများကြီးပါပဲ။ ကျားဖမ်းမယ်ဆိုတော့ ကျားတွေဖမ်းကြမယ်ပေါ့” လို့ ဒါရိုက်တာ စိုးမိုးမင်းက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဝတ္ထု မိုးနီလွင် ၊ ဇာတ်ညွှန်း ဒီဒီထက်အောင်တို့ ရေးသားထားပြီး DOP မင်းမင်းကျော် ၊ မှတ်တမ်း ကိုတင်မောင် တို့က ပါဝင်သလို ဒါရိုက်တာ စိုးမိုးမင်းက ပရိသတ်ကို ပျော်ရွှင်ကြည်နူးစရာထိတ်လန့်မှု ‌ရသစုံနဲ့ပုံဖော်ကာ မတ်လ နောက်ဆုံးအပတ်မှာ ရန်ကုန်မြို့မှာ ရိုက်ကူးမှာဖြစ်ပါတယ်။

သရုပ်ဆောင်တွေက အိချောပို ၊ နိုင်နှင်းဝေ၊ ဇင်ဇင်ဇော်မြင့်၊ မေပန်းချီ၊ အကယ်ဒမီရဲအောင်၊ မင်းသူ ၊ ညီနန္ဒ၊ ရှင်မွေလ ၊ အောင်လေး၊ မင်းဘုန်းမြတ် ၊ ကျော်ထက် ၊ ဗညားဘုန်းပြည့်၊ချောကလျာ ၊ ရွှေပုဏ္ဏမီကျော် ၊ လင်းလက်ခွန်ချို ၊ ပြည့်ပြည့်ဘုန်းမြတ်နဲ့ အနုပညာရှင်များစွာပါဝင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *