၁၇. ၃. ၂၀၂၄
Written by Tha Doe
ထိုင်းနိုင်ငံမှာနေပြီး PDF ထောက်ပို့လုပ်ဆောင်နေတဲ့ မိုက်ကယ်ကို မနေ့က မတ်လ ၁၆ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က သူခိုအောင်းရာနေရာအထိ ဝင်ရောက် စီးနင်း ဖမ်းဆီး လိုက်တယ်လို့ သိရပါတယ်။
ထိုင်းရဲစခန်းကို ရောက်သွားချိန်မှာ မိုက်ကယ်က သူဟာ လူတစ်ဦးကို ပျူစောထီးခေါင်းဆောင်လို့ စွပ်စွဲပြီးသတ်ဖြတ်လိုက်တာကြောင့် ဖမ်းဆီးခံရတာလို့လည်း ပြောခဲ့ပါတယ်။
“ကျွန်တော် ပျုစောထီးခေါင်းဆောင်ကို ထိုင်းနိုင်ငံမှာ ဒလန်ရှင်းလင်းရေးလုပ်လိုက်တာ ဖမ်းမိသွားတယ်”လို့လည်း မိုက်ကယ်က သူပြစ်မှုကျုးလွန်လို့ ဖမ်းဆီးခံရကြောင်း ထိုင်းရဲစခန်းကနေ Live လွှင့်ဝန်ခံပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ PDF ထောက်ပို့ မိုက်ကယ်ကို လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှု၊ တရားမဝင်ငွေလွှဲပြောင်းမှုတွေနဲ့ ဖမ်းဆီးထားတယ်လို့ ကနဦးသိရပါတယ်။
ပြည်သူ့အတွက်လို့နာမည်တပ်ပြီး PDF ထောက်ပို့လုပ်ရင်း ထိုင်းနိုင်ငံကနေ အလှူခံနေသူတွေဟာ ကိုယ်ကျိုးရှာမှုတွေနဲ့နာမည်ပျက်နေကြသလို NUG ဝန်ကြီးတွေကအစ ရလာတဲ့အလှူငွေတွေ ထိုင်းမှာနေစရာအမည်ခံဝယ်တာ၊ ကွန်ဒိုဝယ်တာ၊ မိန်းမကိစ္စသုံးတာ၊ အရက်သောက်တာ၊ ထောက်ပို့အချင်းချင်းနာမည်ဖျက်တာ၊ လုပ်ငန်းထူထောင်တာတွေနဲ့ နာမည်ပျက်ကြသလို လက်ရှိဖမ်းဆီးခံထားရတဲ့မိုက်ကယ်ကိုယ်တိုင်ကလည်း အခြားထောက်ပို့တစ်ဦးကို လိမ်လည်အလှူခံတယ်ဆိုပြီး သူ့ရဲ့ Union Brother အဖွဲ့နဲ့ အုပ်စုဖွဲ့ရိုက်နှက်တဲ့ရုပ်သံဖိုင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ လထဲကလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့ပါသေးတယ်။
