၁၆. ၃. ၂၀၂၄
Written by MMAK
◾ဘန်လေ Vs ဘရန့်ဖို့
ကွန်ပနီရဲ့ဘန်လေအသင်း ပွဲစဉ်တိုင်းကို တိုက်စစ် ဖွင့်ကစားတဲ့ ပုံစံမျိုးဖြစ်သလို ခုလိုအချိန် အမှတ်ရဖို့ အရေးတကြီး လိုအပ်နေချိန်မှာလည်း တိုက်စစ်ဖွင့်ကစားဦးမှာ သေချာပါတယ်။ အဝေးကွင်းဘရန့်ဖို့အသင်း အနေနဲ့က ငါးပွဲဆက် နိုင်ပွဲပျောက်ထားသလို နောက်ပွဲက မန်ယူနဲ့ ကစားရဖို့ ရှိတဲ့အတွက် အမှတ်ရဖို့ခက်ခဲနိုင်ပါတယ်။ ဘရန့်ဖို့ အမှတ်ရရှိထားမှု အခြေအနေအရ တန်းဆင်းဇုန်နဲ့ သိပ်မကွာသေးတဲ့ အခြေအနေမှာဖြစ်လို့ ဒီပွဲမှာ ဘန်လေကို အမှတ်ပေးလို့မရဘဲ အနိုင်ရဖို့ ဦးတည်ကစားလာနိုင်ပါတယ်။ တိုက်စစ်ဖွင့်ကစားပြီး ခံစစ်ပြဲထွက်လာမဲ့ ဘန်လေက သေချာပေါက်ဂိုးပေးရပါလိမ့်မယ်။ ဒီပွဲမှာ အဝေးကွင်း ဘရန့်ဖို့အသင်းက ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ခုနှစ်ဆယ်စားဖြစ်ပါတယ်။ ဒီကြေးအရ နှစ်ကျပ်ကွက် စုံအောင်နိုင်တဲ့ အနေအထားဖြစ်လို့ ဘရန့်ဖို့နဲ့ ဂိုးပေါ် ရွေးချယ်ပေးချင်ပါတယ်။
◾ လူတန်တောင်း Vs နော်တင်ဟန်ဖောရက်
တန်းဆင်းဇုန်က လူတန်တောင်းနဲ့ သူ့အထက်က နော်တင်ဟန်ဖောရက်ရဲ့ ပွဲစဉ်ဖြစ်သလို လူတန်တောင်းက အခုအိမ်ကွင်းပွဲ ရှုံးခဲ့မယ်ဆိုရင် တန်းဆင်းရဖို့ သေချာသွားနိုင်ပါတယ်။ အိမ်ရှင်လူတန်တောင်း ရှုံးခဲ့မယ်ဆိုရင် သူ့အထက်က နော်တင်ဟန်ဖောရက်နဲ့ ခြောက်မှတ်ပြတ်သွားမှာဖြစ်သလို လူတန်တောင်းရဲ့ နောက်ကန်မဲ့ လေးပွဲမှာ အသင်းကြီးတွေဖြစ်တဲ့ စပါး၊ အာဆင်နယ် ၊ မန်စီးတီးတို့လို အမှတ်လိုနေတဲ့ အသင်းကြီးတွေပါဝင်နေတဲ့အတွက် အမှတ်ရဖို့ မလွယ်တဲ့ အခြေအနေပါ။ နော်တင်ဟန်ဖောရက်လည်း အမှတ်လိုတာဆိုပေမဲ့ အဝေးကွင်းမကောင်းတဲ့အတွက် သူတို့အနေနဲ့ သရေလောက်ရမယ်ဆိုရင်ကို ကျေနပ်စရာပါ။ ဒီပွဲမှာ အဝေးကွင်း နော်တင်ဟန်ဖောရက်က ပြားသုံးဆယ် အရှုံးပေးထားပါတယ်။ အိမ်ရှင်လူတန်တောင်း အိမ်ကွင်းမှာ ရှုံးနိမ့်သွားမယ်လို့ မထင်ပါဘူး။
အနည်းဆုံးသရေတော့ ရအောင်ကန်ပါလိမ့်မယ်။ အိမ်ရှင်ကို ရွေးချယ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
◾ဖူဟမ် Vs စပါး
လန်ဒန်ဒါဘီ ပွဲစဉ်ဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်ဦးမဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ အိမ်ရှင်ဖူဟမ်က အမှတ်လိုအပ်ချက်မရှိဘူးဆိုပေမဲ့ ဒါဘီပွဲစဉ်ဖြစ်တာကြောင့် အားထည့်ကစားလာမှာ ဖြစ်သလို ချန်ပီယံဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ စပါးအသင်းကလည်း အနိုင်ရလဒ်ကို ဦးတည်ကစားလာမှာ သေချာပါတယ်။ ဒီပွဲစဉ်မှာ အဝေးကွင်းစပါးအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး သုံးဆယ်အရှုံး ဖြစ်ပါတယ်။ ဒီကြေးအရ နှစ်သင်းလုံး တိုက်စစ် ဖွင့်ကစားမှာ ဖြစ်သလို အ်ိမ်ရှင်ဖူဟမ် ဂိုးရပါလိမ့်မယ်။ အမှတ်လိုအပ်ချက် ရှိနေသလို တိုက်စစ်အားသန်တဲ့ စပါးအသင်းလည်း ဂိုးရဖို့ ရှိပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်ကနေ စကြည့်ရမဲ့ ပွဲစဉ်ဖြစ်သလို သုံးဂိုးလောက်က အသာအယာမြင်ရနိုင်မယ်လို့ ယူဆပါတယ်။ သုံးဂိုးသွင်းရင် ပြားသုံးဆယ်လောက်အရှုံးပေးရမှာ ဖြစ်ပေမဲ့ အနိမ့်ဆုံး သုံးဂိုးလောက်ထိ မြင်ရနိုင်တာမို့ ဂိုးပေါ် တစ်ကြောင်းတည်း ရွေးချယ် ပေးချင်ပါတယ်။
◾ ဝုဗ် Vs ကိုဗင်ထရီ
FA ဖလား ကွာတားဖိုင်နယ် ပွဲစဉ်ဖြစ်သလို ပရီးမီးယားလိဂ် ကလပ် ဝုဗ်အသင်းနဲ့ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီတို့ ထိပ်တိုက်တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းကို လျှော့တွက်ထားမယ်ဆိုရင်တော့ ဝုဗ်အသင်း ပေးဆပ်မှု ကြီးသွားပါလိမ့်မယ်။ ဝုဗ်အနေနဲ့က ပွဲစဉ်တစ်လျှောက် အသင်းကောင်းတွေကိုသာ ဖြုတ်ချခဲ့တာဖြစ်သလို ဒီဖလားကို အာရုံစိုက် ကစားလာမှာ သေချာလို့ ကိုဗင်ထရီအသင်းကို ပေါ့ပေါ့တန်တန် ကစားလာမယ်မထင်ပါဘူး။ အဝေးကွင်းကိုဗင်ထရီအသင်းအနေနဲ့က ဝုဗ်အသင်းကို ခံစစ်ပိတ်ကစားပြီး သရေလောက် ရခဲ့မယ်ဆိုရင် အိမ်ကွင်းပွဲကြမှ ပြန်ကြိတ်မယ်ဆိုတဲ့ အတွေးမျိုး ရှိကောင်းရှိနေနိုင်ပါတယ်။ အိမ်ရှင်ဝုဗ်က တစ်လုံး လေးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စားဖြစ်ပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်ဖြစ်သလို အဝေးကွင်း
ကိုဗင်ထရီအသင်းအနေနဲ့ ခံစစ်ပိတ်ကစားပြီး သရေလောက်ရဖို့ ထိန်းလာနိုင်ပါတယ်။ ဝုဗ်အသင်းနိုင်ရင်တောင် ဂိုးမပြတ်ဘဲ ကပ်နိုင်သွားတာ မျိုး ဖြစ်ပါလိမ့်မယ်။ ဂိုးအောက်ကို ရွေးချင်ပါတယ်။
◾မန်စီးတီး Vs နယူးကာဆယ်
FA ဖလား ကွာတားဖိုင်နယ် ပွဲစဉ်ဖြစ်သလို ပြိုင်ဆိုင်မှုပြင်းထန်ဦးမဲ့ အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု ပွဲစဉ်ဖြစ်ပါတယ်။ နယူးကာဆယ်အသင်း အဝေးကွင်းညံ့သလို ဒဏ်ရာရ ကစားသမားများနေတဲ့အတွက် မန်စီးတီးအသင်း ဘော်ဒီကြေး ခပ်ပြင်းပြင်းပေးထားတာတွေ့ရပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်ဖြစ်သလို အဖက်ဖက်ကအသာမရတဲ့ နယူးကာဆယ်အသင်း မန်စီးတီးအသင်းကို တိုက်စစ် ဖွင့်ကစားမယ်ဆို ဂိုးပြတ်အရှုံးနဲ့ အိမ်ပြန်ရပါလိမ့်မယ်။ မန်စီးတီးအသင်းကလည်း ဒီဘရိုင်းဒဏ်ရာရနေသလို ဖလားပွဲစဉ်ဖြစ်လို့ လူငယ်ကစားသမားလေးတွေ ပွဲထွက်အသုံးပြုလာဦးမှာပါ။ နယူးကာဆယ်က ခံစစ်ပိတ်ပြီး ထိန်းကစားမယ်ဆိုရင် မန်စီးတီးအသင်းကလည်း အနိုင်ဂိုးရဖို့ စိတ်ရှည်လက်ရှည် ဘောလုံးကိုင်ကစားမဲ့ ပွဲစဉ်မျိုး ဖြစ်လာပါလိမ့်မယ်။ ဒီအခြေအနေမှာ အပြန်အလှန်သွင်းဂိုးတွေ အများကြီး မြင်ရဖို့ မရှိပါဘူး။ လေးဂိုးသွင်းမှ ဂိုးပေါင်းအပြည့်ရှုံးမဲ့ပွဲမှာ မန်စီးတီးကို အနိုင်ပေးပြီး ဂိုးပေါင်းကြေး ထိန်းမဲ့ ပွဲမျိုးဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးအောက်ကလွဲ ရွေးချယ်စရာမရှိသလို လေးဂိုးရောက်မဲ့ပွဲလို့ မထင်ပါဘူး။ဂိုးအောက်ကိုသာ အပိုင်ရွေးချယ်ထားရမှာ ဖြစ်ပါတယ်။
◾ မိန့်စ် Vs ဘိုချမ်
ဘွန်ဒက်လီဂါ တန်းဆင်းဇုန်က မိန့်စ်အသင်းနဲ့ သူ့အထက်က ဘိုချမ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ ဘိုချမ်အသင်းက အဝေးကွင်းညံ့တဲ့အသင်းဖြစ်ပြီး အိမ်ကွင်းမှာသာ အမှတ်ယူတတ်တဲ့ အသင်းမျိုးဖြစ်ပါတယ်။ မိန့်စ်အသင်းအနေနဲ့ ဒီပွဲကို သေချာပေါက် အနိုင်သုံးမှတ်ယူထားရမဲ့ ပွဲစဉ်မျိုးဖြစ်ပါတယ်။ ဘိုင်ယန်အသင်းကို ဂိုးပြတ်အရှုံးပေးခဲ့ရသလို နောက်ပွဲကလည်း လိုက်ဇစ်အသင်းနဲ့ အဝေးကွင်းကန်ရမှာ ဖြစ်လို့ အမှတ်ရဖို့ မလွယ်ကူပါဘူး။ ဒီပွဲမှာသာ ရှုံးခဲ့မယ်ဆိုရင် တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ မလွယ်တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။ ဘော်ဒီပေါက်ကြေး တစ်လုံးရှစ်ဆယ်စား ပေါက်ကြေးအရလည်း မိန့်စ်အသင်း အနိုင်ရသွားမဲ့ ကြေးတန်းမျိုးဖြစ်သလို မိန့်အသင်း အနိုင်ရအောင် အဖက်ဖက်က လုပ်ဆောင်ပေးပါလိမ့်မယ်။ အိမ်ရှင်မိန့်စ်အသင်းကို အပိုင်ရွေးပါ။