October 20, 2024

၁၅. ၃. ၂၀၂၄
Written by Pan Ei

သြစတြေးလျနိုင်ငံက ဘယ်ရီသီးကုမ္ပဏီတစ်ခုဟာ အလေးချိန် ဝ ဒသမ ၇၂ အောင်စ(၂၀ ဒသမ ၄ ဂရမ်) ရှိတဲ့ ပင်ပေါင်ဘောလုံးအရွယ် ဘလူးဘယ်ရီသီးကို စိုက်ပျိုးနိုင်ခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဂင်းနစ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်မြောက်ပိုင်းရှိ မြို့ငယ်လေးဖြစ်တဲ့ ကိုရင်ဒီမှာ စိုက်ပျိုးခဲ့တဲ့ ဘလူးဘယ်ရီသီးကို စစ်ဆေးခဲ့ပြီး အဲ့ဒါဟာ ကမ္ဘာ့အလေးချိန်အများဆုံး ဘလူးဘယ်ရီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဘယ်ရီသီးကို စိုက်ပျိုးခဲ့တဲ့အဖွဲ့ရဲ့ အကြီးအကဲ ဘရတ်ဟော့ကင်း က အဲ့ဒီဘလူးဘယ်ရီသီးကို ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလက ခူးခဲ့တာဖြစ်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်ဖို့ ဆက်သွယ်နေချိန်မှာ အသီးကို အအေးခံပြီး သိမ်းထားခဲ့တာလို့ ဆိုပါတယ်။

ဟော့ကင်းက အခုလို ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ဘလူးဘယ်ရီသီးကို ဘယ်လိုဆက်လက်လုပ်ဆောင်ရမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အရင်စံချိန်ဟောင်းကတော့ ဩစတေးလျအနောက်ပိုင်းမှာ စိုက်ပျိုးခဲ့တဲ့ ၁၆ ဒသမ ၂ ဂရမ် အလေးချိန်ရှိတဲ့ ဘလူးဘယ်ရီသီးဖြစ်ပြီး အခုလက်ရှိ စံချိန်သစ် ၂၀ ဒသမ ၄ ဂရမ်) ရှိတဲ့ ဘလူးဘယ်ရီသီးကြီးကတော့ ပုံမှန် အသီးတွေထက် ၁၀ ဆလောက် ပိုလေးတာလည်း ဖြစ်ပါတယ်။

Ref; UPI News

Leave a Reply

Your email address will not be published. Required fields are marked *