October 20, 2024

၁၅. ၃. ၂၀၂၄
Written by Thin Zar

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ရွာသစ်ကျေးရွာ၊ ရိူင်းထူးလမ်းကြား( ပိတောက်လမ်း) ရှိ မြောင်းကြားတွင် စစ်ဘေးရှောင်သည့် အမျိုးသားတစ်ဦးမှာ နေအိမ်သို့ ပစ္စည်းပြန်ယူချိန် လမ်းတွင် KNLA/PDF အဖွဲ့မှ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

ထိုဖြစ်စဥ်မှာ မတ်လ ၁၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံလူမှုကူညီရေးအသင်းထံသို့ ပြည်သူများမှ ဖုန်းဆက်အကြောင်းကြား အကူအညီတောင်းသောကြောင့် ထိုဖြစ်စဥ်နေရာသို့ ခက်ခက်ခဲခဲ သွားရောက်ကာ ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ခဲ့ရကြောင်း သိရသည်။

“မြဝတီမြို့မှာ စစ်ဘေးရှောင်နေကြတာ မိသားစုလုံး။ အဲ့ဒီဦးလေးက သူ့တို့အိမ်မှာ ပစ္စည်းကျန်ခဲ့လို့ သွားယူတာ။ အဲ့ဒီမှာ အသတ်ခံရတာ။ လက်နဲ့လည်ပင်းမှာ ဓားဒဏ်ရာတွေနဲ့သေနေတာ။ အဲ့ဒီဘ​က်မှာလည်း အခြေနေတွေမကောင်းကြဘူး” ဟု မြဝတီမြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

မြဝတီမြို့တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်နေသောကြောင့် မြို့အနီးရှိ ဒေသခံ ကျေးရွာပြည်သူများမှာ သောင်ရင်းမြစ်နံဘေးနှင့် စစ်ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Photo -credit

Leave a Reply

Your email address will not be published. Required fields are marked *