October 20, 2024

၁၅. ၃. ၂၀၂၄
Written By Thandar

Mahar Application က ထုတ်လွှင့်ပြသမယ့် မေတ္တာဘွဲ့ မိသားစုဒရာမာ ဇာတ်လမ်းပုံစံ ” ရင်သွေး” ဇာတ်လမ်းတွဲ Press Conference Show ကို ယနေ့ မတ်လ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ MELIA Hotel မှာ ကျင်းပခဲ့ပါတယ်။

” မဟာရယ် ၊ အောင်သီရိရယ်က ဘုံတို့ရဲ့ သုံးယောက်ပေါင်းဖန်တီးတဲ့ကားလေးပါ။ သမီးဆိုး၊ အိမ်ထောင် ၊ လောင် ဇာတ်ကားတွေလို ပရိသတ်အကြိုက်တွေ့အောင် ဖန်တီးထားပါတယ်။ ဒီကားကို အနုပညာရှင်သရုပ်ဆောင် အင်အားကောင်းကောင်းနဲ့ သေချာရိုက်ထားပါတယ်။ မိဘနဲ့ သားသမီးတွေကြားက မေတ္တာဘွဲ့ဇာတ်လမ်းတွဲလေးပါ။ အပြင်မှာ လိမ္မာတဲ့နာမည်ကြီး အနုပညာရှင်တွေကို လူဆိုးတွေ စရိုက်ကြမ်းကြမ်းပုံစံ ဘုံရဲ့ အမေကျန်းမာရေးမကောင်းချိန်ရယ် ဒီမေတ္တာဘွဲ့ကားကို အမှတ်တရ အခက်အခဲတွေ အရမ်းများတဲ့ကားလေးပါ”လို့ ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။

အဆိုပါ အပိုင်း ၂၅ ပိုင်းပါဝင်မယ့် ဇာတ်ကားကို ဇာတ်လမ်း လူညိုချော နဲ့ လုံမ ၊ ဇာတ်ညွှန်း သီလံတို့ကရေးသားပြီး‌တော့ ဒါရိုက်တာ မယ်မင်းဘုံက မိသားစုချစ်ခြင်းမေတ္တာဘွဲ့ ဒရာမာဇာတ်လမ်းကို အကောင်းဆုံးပုံဖော်ရိုက်ကူးထားတယ်လို့ သိရပါတယ်။

“ကျွန်မတို့နဲ့ ဒေါ်ဘေဘီဆိုတဲ့ ဒီကာရိုက်တာမျိုးက ထဲထဲဝင်ဝင် သရုပ်မဆောင်ဖူးခဲ့ဘူး။ ကျွန်မတို့အကုန်လုံးကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ ကျွန်မက သရုပ်ဆောင်စစ်စစ်ပဲဖြစ်ချင်တာပါ။ အခု ဒီဇာတ်ကားမှာ ကျွန်မတစ်ဝကြီး သရုပ်ဆောင်ခဲ့ရတဲ့ ဒီဇာတ်လမ်းတွဲလေးက ကျွန်မဘဝမှာ တကယ်ကိုအမှတ်တရပါပဲ” လို့ သရုပ်ဆောင် ဖူးစုံက ပြောပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ ရဲအောင် ၊ ညီနန္ဒ ၊ ညီထွဋ်ခေါင်၊ ထက်အောင်ရှိုင်း ၊ ဗညားဘုန်းပြည့် ၊ ဝေဖြိုး ၊ ခိုင်နှင်းဝေ ၊ ဖူးစုံ ၊ ရွှေသမီး ၊ သွန်းဆက် ၊ ရတနာဗို ၊ ဆင်မ ၊ ဒေါင်းဝေ ၊ အောင်တိုး ၊ဦးရွှေအိုး ၊ မျိုးမျိုးခိုင် စတဲ့သူတွေပါဝင်ထားကြပါတယ်။

” ရင်သွေး ” ဇာတ်လမ်းတွဲကို ယနေ့ မတ်လ ၁၅ ရက် ည ၇ နာရီကစတင်ပြီး တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ Mahar Application HD ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *