October 20, 2024

၁၅. ၃. ၂၀၂၄
Written by Thattant

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၆၆/၁-၂)ဖာလုံကြားတွင် မတ်လ ၁၅ ရက်သို့ မကူးပြောင်းမီ ယမန်နေ့ ညသန်းခေါင်အချိန် သစ်သီးတင်ယာဥ်တစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး လမ်းလယ်ကျွန်းကာတန်းကို ဝင်တိုက်မိ၍ ပက်လက်လန်တိမ်းမှောက်ကာ တစ်ဦးယာဥ်ညပ်၍ ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ၊နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ပန်းနှင့်သစ်သီးများတင်‌ဆောင်မောင်းနှင်လာသော Nissan Condor အမျိုးစား(ပြာ/ခဲ/ဖြူ)ရောင်ကုန်တင်ကားသည်မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ အဆိုပါမိုင်တိုင်အရောက် မတ်လ ၁၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် လမ်းလယ်ကျွန်းကို ကာရန်ထားသည့် Guard Rails တန်းအား ဝင်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းတွင် တိမ်းမှောက်ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်းပါ ကျား(၂)ဦးအနက် ကျား(၁)ဦးမှာ(မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် နေပြညတော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်ကို သာဂရအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၁+၅)ဦး၊ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၁+၅)ဦး၊ သာဂရအမြန်လမ်းရဲစခန်းမှ စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်(၄+၁၀)ဦးနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုံစာ။ အမြန်လမ်းတွင် ဖြစ်ပွားသောယာဥ်တိမ်းမှောက်မှုမြင်ကွင်း (ဓာတ်ပုံ – အမြန်လမ်းမီးသတ်တပ်ဖွဲ့ & Aung Thu)

Leave a Reply

Your email address will not be published. Required fields are marked *