၁၅. ၃. ၂၀၂၄
Written by Thin Zar
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ သက္ကယ်ကျင်းကျေးရွာအနီးတွင် PDF များပိုင်ဆိုင်အသုံးပြုနေသည့် မော်တော်ယာဥ် (၂) စီးနှင့်အတူ လက်နက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၁၄ ရက် ညနေ ၅ နာရီကျော်တွင် လုံခြုံရေးတပ်ဖွဲ့မှ မုံရွာမြို့ရှိ ကျေးရွာတချို့ကို နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ်အတွင်း သက္ကယ်ကျင်းကျေးရွာအနီးတွင် PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် PDF များ၏ မော်တော်ယာဥ် ၂ စီး၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၃ ခု၊ ရီမု ၁ ခု၊ Monywa Netsoe ဘက်တံဆိပ် ၁၂ ခု၊ ပြည်သူ့ကာကွယ်ရေး တံဆိပ်ပါဘက်တံဆိပ် ၁၀ ခု၊ မုံရွာခရိုင်အမှတ်-၂၂ တပ်ရင်းတံဆိပ်ပါ ၁၀ ခု၊ ကြယ်တံဆိပ်ပါ ဘက်တံဆိပ် ၁၀ ခု၊ ပြောက်ကျားလည်တိုဖိနပ် ၆ ရံ၊ ကင်းဘတ်ဖိနပ် ၆ ရံ နှင့်အတူ ပြောက်ကျားဦးထုပ် ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Photo -credit