October 20, 2024

၁၄. ၃. ၂၀၂၄
Written by Thettant

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်းမှာ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) အစည်းအဝေးပြုလုပ်နေချိန် တပ်မတော်က လေကြောင်းကတစ်ဆင့် ဂျက်တိုက်လေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်လို့ CDM ကျောင်းဆရာတစ်ဦးသေဆုံးပြီး ပအဖအဖွဲ့ဝင် လေးဦးဒဏ်ရာရရှိသွားတယ်လို့ ပခုက္ကူပအဖက ဒီနေ့ထုတ်ပြန်ပါတယ်။

ဖြစ်စဥ်က မနေ့က မတ်လ ၁၃ ရက် မနက် ၁၀ နာရီခွဲခန့်က ပခုက္ကူမြို့နယ် ပအဖအဖွဲ့ မြို့နယ်အဆင့်အစည်းအဝေးပြုလုပ်နေချိန်မှာ လေကြောင်းတိုက်ခိုက်မှုကြုံခဲ့ရတာဖြစ်ပြီး ဂဝံလေးတိုင်ရွာမှာပဲ စာပြန်သင်နေတဲ့ CDM ကျောင်းဆရာက နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့လည်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် CDM ကျောင်းဆရာတစ်ဦးသေဆုံးပြီး မြို့နယ်ပအဖအဖွဲ့ဝင်လေးဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းနဲ့ ကားတစ်စီးလည်းပျက်စီးခဲ့ပြီး ဒီလိုမျိုးတည်နေရာနဲ့အချိန်အတိအကျ သတင်း​ပေးသူကို စုံစမ်းနေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *