October 20, 2024

၁၄.၃.၂၀၂၄
Written By Thandar

မင်းသမီး ခင်သဇင်နဲ့ သူငယ်ချင်းမေသူတို့ရဲ့ အနုပညာကဏ္ဍမျိုးစုံ ထုတ်လွှင့်မယ့် ZaBhu Queen Entertainment မီဒီယာ မိတ်ဆက်ပွဲကို ယနေ့ မတ်လ ၁၄ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Jasmine Palace Hotel မှာ ကျင်းပခဲ့ပါတယ်။

“တကယ်တော့ ဇင်နဲ့မေသူက အိပ်မက်တွေလည်း တူတယ်။ ဝါသနာချင်းလည်းတူတော့ ပူပေါင်းလုပ်ဆောင်ဖြစ်တာပါ။ ဇင်တို့ရဲ့ Service Management ကုမ္ပဏီဆိုရင်ကပိုမှန်ပါတယ်။ သူများတွေ ထုတ်လုပ်ထားတဲ့ ရုပ်ရှင် ၊ ဗီဒီယိုဇာတ်ကားတွေ ၊ Event ၊ ကြော်ငြာ ၊ ဖျော်ဖြေရေးတွေ စတာတွေကို ဇင်တို့က Service လုပ်တဲ့ ကုမ္ပဏီလေးပါ။ သူငယ်ချင်း မေသူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ZaBhu Queen စပြီး တည်ထောင်လိုက်တာပါ။ ပြည်တွင်းက အသိပညာရှင်တွေ အတတ်ပညာရှင်တွေလည်း ပူပေါင်းဆောင်ရွက်မယ်။Limit ဖြစ်နေတဲ့ ပညာရပ်တွေကိုလည်း နိုင်ငံတကာကို ZaBhu Queen အဖွဲ့လိုက် အလှည့်ကျလွှတ်ပြီးတော့ သွားရောက်လေ့လာသင်ယူပြီးတော့မှ Service and Management Center ကို ပြန်လည်ထူထောင်မှာပါ။ဇာတ်ကားတွေကိုလည်း နိုင်ငံတကာမှာ ပြသဖို့အတွက်တွေ အစအဆုံး One Stop Service နဲ့လုပ်ဆောင်ပေးသွားမှာပါ”လို့ သရုပ်ဆောင် ခင်သဇင်က ပြောပါတယ်။

အဆိုပါ အခမ်းအနားကိုတော့ ဝါရင့်အနုပညာရှင် အကယ်ဒမီ ဆွေဇင်ထိုက် ၊ ထက်ထက်ထွန်း ၊ စန္ဒီမြင့်လွင် ၊ ရှင်ယွန်းမြတ်စတဲ့ အနုပညာရှင်တွေ အတတ်ပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ထုတ်လုပ်ရေးကတော့ Talent Management ၊ ရုပ်ရှင်အနုပညာ ၊ သရုပ်ဆောင် သင်တန်း ၊ ဇာတ်လမ်း ဇာတ်ညွှန်းပိုင်းတွေကိုပါ ထုတ်လုပ်ဖြန့်ချိမှုအပိုင်း စတဲ့ကဏ္ဍတွေကိုပါဝန်ဆောင်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ZaBhu Queen Entertainment အနေနဲ့ မကြာခင်မှာတော့ အပိုင်း ၃၀ စာပါဝင်တဲ့ ကိုယ်ပိုင် ထုတ်လုပ်တဲ့ ဇာတ်လမ်းတွဲသစ်ကို ထုတ်လွှင့်ပြသဖို့အတွက် စီစဥ်နေပြီလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *