October 20, 2024

၁၄.၃.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့တစ်ဖက်ကမ်းရှိ စက်ဆန်းရပ်ကွက် နဝဒေးလမ်းတွင် ဒယ်နီအိုးအပူလွန်ကဲရာမှ လူနေအိမ် ၁၁လုံး မီးလောင်ဆုံးရှုံးမှု မတ်လ ၁၃ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ အလျား ၁၅ ပေ ၊ အနံ ၁၀ ပေ ရှိ သွပ်မိုး၊ ပျဥ်ထောင်နေအိမ်၏ မီးဖိုချောင်တွင် ဒယ်နီအိုး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်ချိန် မိနစ် ၄၀ ကျော်ကြာမြင့်ခဲ့ပြီး ပျဥ်ထောင်၊ သွပ်မိုးနေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

“လောင်တဲ့အချိန်ကလည်း လေအရမ်းတိုက်နေတာ။ ကမ်းနားဘက်ဆိုတော့ ခဏလေးနဲ့အိမ်တွေပါကုန်တာ။ လမ်းကလည်း ကျဥ်းတော့ မီးသတ်ကားတွေ တော်တော်နဲ့ဝင်မရဘူး”ဟု မီးငြှိမ်းသတ်သူ တစ်ဦးက ​ပြောသည်။

နေအိမ် ၁၁ လုံး မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၈ စီး၊အုပ်ချုပ်မှုယာဥ် ၁ စီး၊ အပေါ့စားမီးသတ်စက် ၈ လုံးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၁၀ ကျော်က မီးငြှိမ်းသတ်ခဲ့ရသည်။

ထိုမီးလောင်မှုကြောင့် အသက် ၄၄ နှစ်အရွယ် ဦးကိုကိုအောင်ကို ပုဒ်မ ၂၈၅​ ဖြင့် စက်ဆန်းနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *