October 20, 2024

၁၄. ၃. ၂၀၂၄
Written by Thin Zar

မော်လမြိုင်မြို့၊ ရွှေနတ်တောင်ဘုရားလမ်းဝကျော်၊ ထောက်/ပို့တပ်ရှေ့နားတွင် အမျိုးသမီးမောင်းနှင်လာသည့် ယာဥ်မှအရှိန်လွန်၍ ယာဥ်တစ်စီးကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၄ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် မော်လမြိုင်-မုဒုံသွားသည့် လမ်းမကြီးပေါ် မော်တော်ယာဥ်ထဲ၌ အမျိုးသမီးတစ်ဦး ကားခေါင်းထဲတွင် ညပ်နေကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ မီးသတ်ယာဥ်၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

“ဟိုက်ဂျက်ယာဥ်ကို အမျိုးသမီးကမောင်းလာတာ။ အဲ့ဒီယာဥ်က သူ့ရှေ့က ကားကြီးကို ဝင်တိုက်မိတာ။ ဟိုက်ဂျက်ယာဥ်ခေါင်းပိုင်းကတော့ တော်တော်လေးပျက်စီးသွားတယ်” ဟု ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီသူတစ်ဦးက ဆိုသည်။

ထိုအမျိုးသမီးမှာ ပေါင်တွင် ထိုးဖောက်ဒဏ်ရာရရှိထားသောကြောင့် ရွှေနတ်တောင် Rescue ယာဥ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo -credit

Leave a Reply

Your email address will not be published. Required fields are marked *