October 23, 2024

WFP မှ မြန်မာနိုင်ငံသို့ ကူညီနေမှုများကို တွေ့ရစဥ်

၈.၁၂.၂၀၂၂
Written by Nay Aung

မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှု အကူအညီများပေးရန်အတွက် ဥရောပသမဂ္ဂ (EU) သည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ထံ ယူရို ၆ ဒသမ ၅ သန်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လောင်စာနှင့် စားနပ်ရိက္ခာစျေးနှုန်း တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာမှုက လူအများကို ဆန်နှင့် ဟင်းချက်ဆီကဲ့သို့ အဓိကအခြေခံစားသုံးကုန်များ ၀ယ်ယူရန်အဆင်မပြေဖြစ်စေခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် နေရပ်စွန့်ခွာမှုများကြောင့် ထောက်ပံ့ရေးကွင်းဆက်များနှင့် စျေးကွက်များပြတ်တောက်မှုသည် သန်းနှင့်ချီသောလူများကို နေ့စဉ်စားနပ်ရိက္ခာဖူလုံရေးအတွက် ခြိမ်းခြောက်လျက်ရှိနေကြောင်းသိရသည်။

WFP သည် လက်တွေ့မြေပြင်ရှိအဖွဲ့အစည်းများ အပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းလုပ်ဆောင်နေပြီး ပဋိပက္ခဒဏ်ခံခဲ့ရသော ဒေသများအပါအဝင် ထိခိုက်လွယ်သော မိသားစုအတွက် အစားအစာ၊ ငွေကြေးနှင့် အာဟာရပစ္စည်များ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

WFP မှတဆင့် ဥရောပသမဂ္ဂ၏ ကူညီပေးမှုများသည် ရန်ကုန်မြို့ရှိ နွမ်းပါးသည့်နေရာများ၊ နယ်စပ်ဒေသများ၊ နိုင်ငံအရှေ့တောင်ပိုင်း၊ အနောက်မြောက်ပိုင်းတို့ရှိ လူပေါင်း ၈သိန်းအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူညီများ ရောက်ရှိစေမည်ဖြစ်ကြောင်းသိရသည်။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာနှင့် ကိုယ်စားလှယ် စတီဖင်အန်ဒါဆင်က “ပဋိပက္ခနဲ့ စားနပ်ရိက္ခာမလုံလောက်မှုဟာ အမြဲတမ်း ဒွန်တွဲနေပါတယ်။ ဥရောပသမဂ္ဂရဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေဟာ ကျွန်တော်တို့ရဲ့ အကူအညီတွေကို ဆက်ထိန်းထားနိုင်ဖို့ ကူညီပေးမှာပါ။ WFPရဲ့ကူညီပံ့ပိုးပေးတဲ့ စားနပ်ရိက္ခာဟာ သန်းပေါင်းများစွာသော လူများအတွက် အသက်သွေးကြောတစ်ခုဖြစ်ပြီး မကြာမီအနာဂတ်မှာလည်း ဆက်လက်ရှိနေမှာဖြစ်တယ်” ဟုပြောသည်။

WFP သည် ၂၀၂၂ ခုနှစ်တည်းက မြန်မာနိုင်ငံတဝှမ်းရှိ လူပေါင်း ၃ သန်းနီးပါးကို အစားအစာ၊ အာဟာရ ပစ္စည်း နှင့် ရှင်သန်နေထိုင်မှုများအတွက် လိုအပ်သည့် အကူညီများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်းသိရသည်။

Ref, miragenews

Leave a Reply

Your email address will not be published. Required fields are marked *