October 20, 2024

၁၄. ၃. ၂၀၂၄
Written By Thandar

အိမ်ထောင်ရေး အချစ်ဇာတ်လမ်းပုံစံ “မာန်”ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲပေးတာနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ မတ်လ ၁၄ ရက် နံနက် ၉နာရီခွဲက ရန်ကုန်မြို့ My Garden Restaurant မှာ ကျင်းပခဲ့ပါတယ်။

” ဒီဇာတ်ကားက ကျွန်တော့်ရဲ့ ရုပ်ရှင်ကားကြီးပွဲဦးထွက်ပါ။ စေတစ်လုံးမောင်ဘုန်း ဇာတ်လမ်းတွဲရိုက်ခဲ့တယ်။သဘာဝကျကျနဲ့ပီပီပြင်ပြင်ရိုက်ခဲ့တယ်။ အခု အိမ်ထောင်ဇာတ်လမ်းမှာလည်း ‌မိသားစုတွေ စုဝေးပြီး ကြည့်ရှုလို့ရနိုင်မယ့် သရုပ်ပျက်တာတွေ မ‌ပါအောင် ရိုက်ကူးသွားမှာပါ။ ဒီကား ကိုကိုဦးသား သီဟအောင်ရယ်၊ ခင်ဇာခြည်ကျော့် သမီး ထင်သစ္စာတို့ ပွဲဦးထွက်အနေနဲ့ ပါဝင်ထည့်သွင်းရိုက်ကူးမှာပါ” လို့ ဒါရိုက်တာ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ သန်းထိုက် (ရွှေရိပ်)က MT Entertainment ကို ပြောပါတယ်။

ဒီဇာတ်ကားကို အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်း ညီရဲမင်း ၊ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ သန်းထိုက် (ရွှေရိပ်)ရဲ့ အိမ်ထောင်ရေး အချစ်ဇာတ်လမ်းပွဲဦးထွက် ရုပ်ရှင်ကားကိုတော့ ယနေ့ မတ်လ ၁၄ ရက်မှာ ရန်ကုန်မြို့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

သရုပ်ဆောင်အနေနဲ့ ကျော်ထက်ဇော် ၊ အကယ်ဒမီမေမြင့်မိုရ် ၊ သီဟအောင် ၊ မင်းပိုင် ၊ ထင်သစ္စာ ၊ အကယ်ဒမီ မြတ်ကေသီအောင် ၊ လင်းဇာနည်ဇော် ၊ မျိုးမျိုးခိုင် ၊ အေးခက်ခက်ပိုင် ၊ ပပသင်း ၊ မျိုးမျိုး နဲ့ အနုပညာရှင်များစွာအပြင် ဧည့်သည်သရုပ်ဆောင် သူရိယတို့ ပါဝင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *