MT News
ရိုက်ကူး၊ တည်းဖြတ် ဟေမာ/ တင်ဆက် ပန်းအိ
ထန်းလျက်လုပ်ငန်းကို အဓိကလုပ်တဲ့ ဦးလှသင်းတို့ဇနီးမောင်နှံကတော့ ထန်းအခါ လွန်သွားပြီဖြစ်ပေမယ့် အတီ(အချိန်အခါမဟုတ် ထွက်တဲ့ ထန်းပင်ကျရည်ကို ဒေသအခေါ်) ထပ်ထွက်လာတဲ့ ထန်းပင်တွေကြောင့် နောက်ရာသီ ဆက်တဲ့အထိ အနားရဖို့ မဖြစ်နိုင်တော့ပါဘူး ။
သူ့ ရွာမှာ သူအပါအဝင်မှ ထန်းလုပ်ငန်း လုပ်ကိုင်သူက ၂ ဦးသာ ရှိပါတော့တယ်။ သူပိုင် ထန်းဆယ်ပင်နဲ့ တစ်နှစ်ကို ထန်းလျှက် ၂ ပိဿာနှုန်းပေးပြီး လုပ်ကိုင်နေတဲ့ အပင်က ၂၀ မို့ ထန်းပင် ၃၀ ကို နေ့စဥ် တစ်ရက် ၂ကြိမ်ကျ အတက်အဆင်းလုပ်ရင်း သဘာဝ ထန်းလျက်ကို ချက်လုပ်ရောင်းချနေတာပါ။
အခါ ရာသီချိန်တုန်းက တစ်ရက်ကို ထန်းလျက်ကနေ နေ့စဥ် ဝင်ငွေ ၂ သောင်းကျပ်နဲ့ အထက် ရရှိခဲ့သလို အခုလို အတီ အချိန်အခါမှာလည်း ထန်းလျက် အထွက်နည်းပေမယ့် စျေးကောင်းရတာမို့ သူက မနားတမ်းဆက်လုပ်နေတာပါ။
မိရိုးဖလာအလုပ်လည်း ဖြစ်တဲ့ သည်ထန်းတက်တဲ့ အလုပ်ကို မလုပ်ချင်တော့ပေမယ့်လည်း မြိုးမြိုးမျက်မျက်ကလေး ရံဖန်ရံခါများ ရခဲ့ပြန်ရင်လည်း ဇနီးမောင်နှံ နှစ်ဦး မျှော်လင့်ချက်နဲ့ မနားနိုင်တော့ပြန်ပါဘူး။