၁၃.၃.၂၀၂၄
Written by Thinzar
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၊ အေးရှားဝေါလ်အနီးရှိ MPT ဖုန်းတိုင်အောက်တွင် အမျိုးသားတစ်ဦးမှာ လွှဖြင့် ဝါယာကြိုးခိုးယူဖြတ်စဥ် ဓာတ်လိုက်၍ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဥ်တွင် မတ်လ ၁၃ ရက် နံနက်ခင်းအချိန်က ဓာတ်လိုက်နေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိသောကြောင့် နမ့်ခုံရှမ်းများပရဟိတအသင်း ကျောက်မဲခွဲမှ အေးချမ်းသုဿာန်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုဓာတ်လိုက်ပြီးသေဆုံးနေသည့် အမျိုးသားမှာ MPT ဖုန်းတိုင်ရှိ ဝါယာကြိုးကို လွှဖြင့်ဖြုတ်ယူနေစဥ် ဓာတ်လိုက်၍ သေဆုံးရခြင်းဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။
Photo -credit