October 21, 2024

၁၂. ၃. ၂၀၂၄
Written by Pan Ei

တရုတ်နိုင်ငံ ဟန်ကျိုးမြို့အခြေစိုက် ကမ္ဘာ့ကားဈေးကွက်မှာ နာမည်ကျော်ကြားတဲ့ Geely Holding Group ရဲ့ ပရီမီယံလျှပ်စစ်ကားဘရန်းအဖြစ် ရပ်တည်လျက်ရှိတဲ့ Zeekr က ထိုင်းနိုင်ငံမှာ လုပ်ငန်းခွဲတစ်ခု တည်ထောင်ဖို့ စီစဉ်နေပြီး မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ အခုနှစ်အတွင်း ရောင်းချဖို့ ဖြန့်ဖြူးသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Geely ရဲ့ လျှပ်စစ်ကားအမှတ်တံဆိပ် မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီဟာ လာအို၊ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံက ပြည်တွင်းဖြန့်ချိသူတွေနဲ့ စာချုပ်တွေ ချုပ်ဆိုထားပြီး အခုနှစ် ဒုတိယသုံးလပတ်မှာ ဈေးကွက်အတွင်း စတင်ရောင်းချဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံဈေးကွက်မှာ Zeekr အမှတ်တံဆိပ်အတွက် သီးသန့်ဖြန့်ဖြူးသူအဖြစ် မြန်မာနိုင်ငံမှာအကြီးဆုံး မော်တော်ကားရောင်းဝယ်ရေးအဖွဲ့တွေထဲက တစ်ခုအဖြစ် ရပ်တည်လျက်ရှိတဲ့ Premier Automotive Limited (PAL) က မိတ်ဖက်ပူးပေါင်းမှုသဘောတူညီချက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက လက်မှတ်ရေးထိုးခဲ့ပြီး Zeekr က ကမ္ဘာ့စံချိန် နှစ်ခုတင်ထားတဲ့ Zeekr 001 အပါအဝင် မော်ဒယ်အသစ်ဘရန်းကားတွေကို တင်သွင်းဖြန့်ဖြူးရောင်းချသွားမှာဖြစ်ကြောင်းနဲ့ သုံးစွဲသူတွေကို အရည်အသွေးမြင့်၊ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုအတွေ့အကြုံတွေ ပေးအပ်ပြီး မြန်မာနိုင်ငံက အပြိုင်အဆိုင်တွေထဲ အအောင်မြင်ဆုံး မော်တော်ကားကုမ္ပဏီ ဖြစ်လာဖို့လည်း PAL က ကတိပြုခဲ့ပါတယ်။

Ref; Reuters, Zeekr

Leave a Reply

Your email address will not be published. Required fields are marked *