October 20, 2024

၁၂. ၃. ၂၀၂၄
Written by Pan Ei

အိန္ဒိယနိုင်ငံ ဟာရာနာမြို့ရှိ ကျောင်းတစ်ကျောင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အရေးကြီးတဲ့ စာမေးပွဲဖြေဆိုနေတဲ့ ၁၀ တန်း ကျောင်းသားတွေရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက သူတို့ရဲ့ ချစ်ခင်ရသူတွေ စာမေးပွဲဖြေစေနိုင်ဖို့ အဖြေရေးထားတဲ့ စာရွက်တွေကို ကျောင်းအဆောက်အအုံရဲ့ အနောက်ဘက်နံရံကို တက်ပြီး ပေးဖို့ ကြိုးစားခဲ့ကြရာ အဲ့ဒီ ဖြစ်စဉ်ဗီဒီယိုတွေက အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့ရာမှာတော့ လူပြောစရာဖြစ်နေခဲ့ပါတယ်။

အိန္ဒိယအခြေစိုက်သတင်းတစ်ခုရဲ့ ဖော်ပြချက်အရ တစ်စုံတစ်ယောက်က စာမေးပွဲအတွက် မေးခွန်းလွှာကို ဓာတ်ပုံရိုက်ယူပြီး စာမေးပွဲအဆောက်အအုံနောက်ဘက် ကားရပ်နားရာနေရာမှာ စောင့်ဆိုင်းနေတဲ့ ကျောင်းသားတွေရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေဆီ မျှဝေခဲ့ပြီး သူတို့ဟာ အဖြေတွေကို ရှာကာ စာရွက်အပိုင်းအစတွေပေါ်မှာ ရေးပြီး ပြတင်းပေါက်သေးသေးလေးတွေကတစ်ဆင့် စာမေးပွဲဖြေနေတဲ့ ကျောင်းသားတွေကို မျှဝေနိုင်ဖို့ အဆောက်အအုံပေါ် တွယ်တက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဗီဒီယိုတစ်ခုမှာ အနည်းဆုံး လူတစ်ဒါဇင်လောက်က ကွန်ကရစ် အဆောက်အအုံပေါ်ကို တက်ကာ ကျောင်းသားတွေကို စာခိုးချနိုင်အောင် ပြတင်းပေါက်တွေဆီ သွားနေတာကိုတွေ့ရပြီး ခုလို လိမ်လည်လှည့်ဖြားတဲ့ အထောက်အထားတွေ ရှိနေပေမဲ့ လိမ်လည်ဖို့ ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်း ကျောင်းတာဝန်ရှိသူတွေက အခိုင်အမာဆိုကာ စာမေးပွဲကာလအတွင်း ပြင်ပဝင်ရောက်စွက်ဖက်မှုကို တားဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ယောက်ျားလေးတွေက ကျောင်းအပြင်ဘက်မှာ ပရမ်းပတာ ဖန်တီးနေပြီး အတွင်းထဲမှာတော့ လှည့်စားမှု မရှိပါဘူး။ အထဲက ကျောင်းသားတွေကို လှမ်းခေါ်ဖို့ ကြိုးစားပေမယ့် ဘာမှမဖြစ်ခဲ့ဘူးဆိုတာ သေချာပါတယ်” လို့ ကျောင်းဝန်ထမ်းတစ်ဦးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောင်းတာဝန်ရှိသူတွေက လှည့်ဖြားမှုလုံးဝမရှိခဲ့ဘူးလို့ ငြင်းဆိုထားပေမဲ့ အရေးကြီးတဲ့ စာမေးပွဲတွေမှာ ခုလို ဗြောင်ကျကျ လှည့်ဖြားမှုတွေဟာ အိန္ဒိယမှာ ပုံမှန်အပြုအမူလိုဖြစ်နေပြီး နိုင်ငံအတွင်းက ခုလိုကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနေရတာတွေကလည်း ကြာမြင့်နေပြီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကလည်း ဘ်ီဟာက ကျောင်းတစ်ကျောင်းမှာ ၁၂ တန်းစာမေးပွဲဖြေဆိုနေချိန်အတွင်း ခုလိုဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပြီး ကျောင်းသားတွေရဲ့ ဆွေမျိုးသားချင်းတွေက အဖြေရေးထားတဲ့ စာရွက်တွေကို ပေးဖို့ ကျောင်းနံရံကို တက်ခဲ့ကြတာပါ။

Ref; odd news

Leave a Reply

Your email address will not be published. Required fields are marked *