October 20, 2024

၁၂. ၃. ၂၀၂၄
Written by Thinzar

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်နန်းအနောက်ရပ်ကွက်၊ ၃၅ လမ်း၊၈၅ လမ်းနှင့် ၈၆ လမ်းကြား၊ မြန်မာ့မီးရထားတိုက်တန်းပထမထပ်ရှိ အခန်းတစ်ခန်းထဲ၌ ပုပ်ပွပြီးသေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။

မတ်လ ၁၂ ရက် နံနက် ၁၁ နာရီအချိန်တွင် ပတ်ဝန်းကျင်ရှိပြည်သူများမှ ပုပ်ဆော်နံနေသောကြောင့် လိုက်လံစစ်ဆေးရာတွင် မြန်မာမီးရထားပထမထပ်၌ အမျိုးသမီးတစ်ဦးထဲနေထိုင်သည့် အခန်းတံခါးမှာ ပုပ်ဆော်နံသောကြောင့် ထိုအခန်း၏တံခါးကို မဏီစလ လှုမူကူညီရေးအသင်းနှင့်ပတ်ဝန်းကျင်ရှိပြည်သူများမှ တံခါးကိုဖွင့်ခဲ့ကြောင်း သိရသည်။

ထိုအခန်းထဲရှိ ကုတင်ပေါ်တွင် ပုပ်ပွနေသည့် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း၊ ထိုအမျိုးသမီးမှာ သွေးတိုးရောဂါအခံရှိသူတစ်ဦးဖြစ်ကြောင်း၊ ထိုရုပ်အလောင်းကို မဏီစလလူမှုကူ ညီရေးအသင်းမှ မော်တော်ယာဥ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo- မဏီစလ လူမူကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *