October 21, 2024

၁၁. ၃. ၂၀၂၄
Written by Thinzar

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့၊ ရပ်ကွက်(-) တွင် အသက်၂၉ နှစ်အရွယ်အမျိုးသားမှ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၆ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့၊ ရပ်ကွက် (-) တွင် နေထိုင်သည့် မိခင်ဖြစ်သူမှ အပြင်အလုပ်လုပ်ကိုင်သောကြောင့် သမီးဖြစ်သူကို အိမ်နီးချင်းဖြစ်သည့် လေထိုးကျွတ်ဖာလုပ်ငန်းလုပ်ကိုင်သော အောင်ခင်ဆင့်၏ နေအိမ်တွင်ထားခဲ့ချိန် ထိုကလေးငယ်ကို အောင်ခင်ဆင့်မှ အခန်းထဲသို့ ခေါ်ဆောင်ပြီး သားမယားပြုကျင့်ခဲ့ကြောင်း သိရသည်။

သားမယားပြုကျင့်ခံရသည့် ကလေးငယ်၏မိခင်ဖြစ်သူမှာ မတ်လ ၆ ရက် ည ၁၀ နာရီကျော်တွင် သမီးဖြစ်သူကိုပြန်လာခေါ်ချိန် ကလေးငယ်နှင့်အောင်ခင်ဆင့်မှာ အခန်းထဲမှထွက်လာသောကြောင့် ကလေးငယ်ကိုမိခင်ဖြစ်သူက မေးမြန်းရာတွင် ကလေးငယ်မှာ မိခင်ဖြစ်သူကို သားမယားပြုကျင့်သည့် ပုံစံအား ပြောပြခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သားမယားကျင့်သူ အသက် (၂၉) နှစ်အရွယ် အောင်ခင်ဆင့်ကို သားမယားပြုကျင့်ခံရသည့် ကလေးငယ်၏ မိခင်ဖြစ်သူက မတ်လ ၇ ရက်နေ့တွင် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားရာ (ပ) ၁၆/ ၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁/၃၇၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *