October 20, 2024

၁၁. ၃. ၂၀၂၄
Written by Pan Ei

ဖူးခက်က နေရာတိုင်းမှာ ရဲတွေဟာ နိုင်ငံခြားသားတွေ ကျူးလွန်တဲ့ ပြစ်မှုတွေကို အလေးအနက်ထား စုံစမ်းစစ်ဆေးပြီး ဖူးခက်နေ ပြည်သူလူထု သူတို့ကို ယုံကြည်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးခြင်းတွေကို ဆောင်ရွက်နေလျက်ရှိကာ အခုအခါမှာလည်း ဖူးခက်က ဆေးခြောက်ဆိုင်တစ်ခုမှာ ထိန်းချုပ်ထားတဲ့ ဆေးခြောက်တွေကို ခွင့်ပြုချက်မရှိဘဲ ရောင်းချမှုကြောင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖူးခက်ပြည်နယ်၊ ပတွန်မြို၊ ကသုခရိုင်က Happy No.1 Cannabis နာမည်နဲ့ ဆေးခြောက်ဆိုင်မှာ ခွင့်ပြုချက်မရှိဘဲ ထိန်းချုပ်ထားတဲ့ ဆေးခြောက်တစ်မျိုးကို နိုင်ငံခြားသားတစ်ဦး ရောင်းချနေတယ်ဆိုတဲ့ တိုင်ကြားချက်အရ ဖူးခက်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ရာ ဆိုင်ရဲ့ကောင်တာနောက်ကွယ်မှာ အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသား ကောင်းမြတ်သူဆိုသူကို တွေ့ရှိခဲ့ပြီး စစ်ဆေးခဲ့ရာ သူ့မှာ ထိန်းချုပ်ထားတဲ့ ဆေးခြောက်ရောင်းချခွင့်လက်မှတ်ရော၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကိုပါ မတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖူးခက်ရဲတပ်ဖွဲ့က မတ်လ ၉ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ခွင့်ပြုချက်မရှိဘဲ ဆေးခြောက် ရောင်းချ၊ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ကောင်းမြတ်သူကို ပတွန်ရဲစခန်းက စုံစမ်းရေးမှူးတွေက ဥပဒေနဲ့အညီ အရေးယူဖို့ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

အလားတူ ဖူးခက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း Mekka Jerk စားသောက်ဆိုင်မှာ ခွင့်ပြုချက်မရှိလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ Bliss ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရားမဝင် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားလေးဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Ref; Phuket Police Page

Leave a Reply

Your email address will not be published. Required fields are marked *