October 20, 2024

၁၁.၃.၂၀၂၄
Written by Thinzar

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ ထောင်မှူးကျေးရွာအုပ်စု၊ မြတ်စံကြီးကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးမှာ နေအိမ်၌ သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၀ ရက် ည ၇ နာရီဝန်းကျင်တွင် မြတ်စံကြီးကျေးရွာ၌ နေထိုင်သည့် ဦးရွှေလှဦး၏ နေအိမ်သို့ PDF များရောက်ရှိလာပြီး နေအိမ်အောက်ထပ်တွင်ရှိနေချိန် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်သည်။

သေနတ်ပစ်ခတ်ခံရသည့် အသက် ၆၀ နှစ်အရွယ် ဦးရွေလှဦးမှာ ရာဘာခြစ်သူဖြစ်ပြီး သေနတ်ပစ်ခံရမှုကြောင့် ညာဘက်ရင်အုံ ဖောက်ထွက်ဒဏ်ရာ ( ၁)ချက်၊ ဆီးခုံတည့်တည့် ဖောက်ဝင်ဒဏ်ရာ (၁)ချက် တို့ရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

Photo -credit

Leave a Reply

Your email address will not be published. Required fields are marked *