October 20, 2024

၁၁. ၃. ၂၀၂၄
Written by Pan Ei

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်းခရိုင်မှာ သက်သေအထောက်အထားမပြနိုင်တဲ့ စာရင်းမရှိတဲ့ ငွေသားတွေလက်ဝယ်ထားရှိမှုနဲ့ မြန်မာနိုင်ငံသား သုံးဦးအပါအဝင် စုစုပေါင်း ခုနစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း အာသံရိုင်ဖယ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိကျတဲ့သတင်းပေးချက်တွေအရ ပစ်ကပ်ထရပ်ကားနဲ့ လိုက်ပါလာတဲ့ လူခုနစ်ဦးကို အာဒီအက်စ် ဘန်တလန် လမ်းဆုံအနီးမှာ မနေ့(မတ်လ ၁၀ ရက်) က ဖမ်းဆီးခဲ့တယ်လို့ သိရကာ ဒီငွေသားတွေဟာ သက်သေအထောက်အထားမပြနိုင်တဲ့ စာရင်းမရှိငွေ အိန္ဒိယရူပီး စုစုပေါင်း ၂ ဒသမ ၈၆ သိန်းနဲ့ မြန်မာငွေ ကျပ် ၄၇ သန်းကျော်တို့ကို ဖမ်းဆီးခံရသူတွေရဲ့လက်ဝယ်ကနေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ငွေသားတွေ သယ်ယူရာမှာ အသုံးပြုတဲ့ ပစ်ကပ်ထရပ်ကားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာဖော်ပြထားပြီး ဖမ်းဆီးရမိသူတွေနဲ့ သိမ်းဆည်းရရှိတာတွေကို ဆက်လက်စစ်ဆေးဖို့ ဘန်တလန်မြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း စစ်ဆင်ရေးနှစ်ခုအတွင်း စာရင်းမရှိငွေ မြန်မာငွေ ၁၂၄,၈၇၆,၀၀၀ ကျပ်နဲ့ အိန္ဒိယငွေ ရူပီး ၁,၆၄၅,၀၀၀ တို့ကို လက်ဝယ်ထားရှိမှုနဲ့ မြန်မာနိုင်ငံသား အနည်းဆုံးငါးဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Ref; NDTV, Business Standard

Leave a Reply

Your email address will not be published. Required fields are marked *