October 20, 2024

၁၁. ၃. ၂၀၂၄
Translated by Htwe Ko Tun

ကမ္ဘာ့ရုပ်ရှင်လောကမှာ အမြင့်မားဆုံးဆုလို့လည်းဆိုရမယ့် ဟောလီးဝုဒ်ရုပ်ရှင်လောကရဲ့ ၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်မြို့မှာ မတ်လ ၁၀ ရက်ညက ကျင်းပခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ ချီးမြှင့်ခဲ့တဲ့ ဆု ၂၂ ခုအနက် ဒီနှစ်မှာ Oppenheimer ရုပ်ရှင်ကားက ဆု ၇ ဆုကိုရယူကာ ဆုအများဆုံးရယူသွားခဲ့ပါတယ်။ Oppenheimer ရုပ်ရှင်ကားက အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ပို့မင်းသားဆု၊ အကောင်းဆုံးမူရင်းရုပ်ရှင်တေးသွားဆု၊ အကောင်းဆုံးရုပ်ရှင်ရိုက်ကူးရေးပညာဆုနဲ့ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု တို့ပါဝင်တဲ့ အော်စကာဆု ၇ ဆုကို ရယူသွားခဲ့တာလို့ သိရပါတယ်။

Oppenheimer ရုပ်ရှင်ကားက အော်စကာဆု ၁၃ ဆု အတွက် နောက်ဆုံး ဆန်ခါတင်စာရင်းမှာ အဆိုပြုခံခဲ့ရပြီး အများဆုံးအဆိုပြုခံရတဲ့ ရုပ်ရှင်ကားလည်းဖြစ်ခဲ့ပါတယ်။ သူ့နောက်မှာတော့ Poor Things ရုပ်ရှင်ကားက အော်စကာဆု ၁၁ ဆုအတွက် နောက်ဆုံးအဆိုပြုခံခဲ့ရကာ အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု၊ အကောင်းဆုံးထုတ်လုပ်ရေးဒီဇိုင်းဆု၊ အကောင်းဆုံးမိတ်ကပ်နှင့် ဆံပင်ပုံစံဆုနဲ့ အကောင်းဆုံးအဝတ်အစားဆု စသည်ဖြင့် အော်စကာဆုလေးဆု ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်မှာတော့ Killers of the Flower Moon ရုပ်ရှင်ကားက အော်စကာဆု ၁၀ ဆုအတွက် တတိယအများဆုံးနောက်ဆုံးအဆိုပြုခံခဲ့ရပေမယ့် ဆုတစ်ဆုမှ မရခဲ့ဘူးလို့သိရပါတယ်။

Ref- Guardian, Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *